ဖခင်ဖြစ်သူအား သားငယ်ဆုံးမှ ပေါက်ပြားနှင့်ထုသတ်မှုဖြစ်ပွား…

31-1-2017ရက်နေ့ အောင်ပန်းမြို့ မြို့အောင်းရပ်ကွက် ကံသာရပ်

နယ်မြေ(၆)နေတွင် သစ်သားရိုးတပ်ထားသည့် အသွား(၆)လက်မခန့်ရှိ

ပေါက်ပြားနှင့် ဖခင်ဖြစ်သူ ဦးကျော်အေး(ခ)ဦးမျိုးမြင့်အား

ထုသတ်လိုက်ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်တွင် သမီးဖြစ်သူ မဆုမွန်ဖြိုး နေအိမ်မှ ပြည်သာယာစျေးသို့ သွားရောက်အလုပ်လုပ်ပြီး ၅နာရီ၃ဝမီနှစ်ခန့် အချိန်တွင် နေအိမ်သို့

ပြန်လည်ရောက်ရှိရာ ခြံတစ်ဝန်းတည်းနေ ဖခင်ဖြစ်သူ ဦးကျော်အေး(ခ)ဦးမျိုးမြင့် နေထိုင်သော အိမ်၌တံခါးပိတ်ထားခြင်းမရှိဘဲ

မှောင်နေ၍ ၎င်းအိမ်သို့ သွားပြီး မီးခလုတ်များအား ဖွင့်ကြည့်ရာ နေအိမ်အတွင်းဝင်ပေါက်ညာဘက်ဘေးရှိ ဆန်အိတ်အားမှီပြီး သွေးအိုင်ထဲလဲကျနေသော ဖခင်ဖြစ်သူအား တွေ့မြင်ရသဖြင့် ရပ်ကွက်လူကြီး ဦးသန်းဝင်း ဦးမြင့်နိုင် တို့ထံသွားရောက်ပြောပြရာ

၎င်းတို့နေအိမ်သို့ လိုက်ကြည့်ပြီး ဖခင်ဖြစ်သူမှာ သေဆုံးနေကြောင်း

သိရှိရသဖြင့် ဖခင်ဖြစ်သူ သေဆုံးမှုနှင့်ပါတ်သတ်၍ မေးမြန်းကြည့်ရာ

မောင်အငယ်ဆုံးဖြစ်သူ ထက်ဝေအောင်(ခ)ဖိုးသားမှ ၎င်းကိုယ်တိုင်

အရှည်(၂)ပေခန့်ရှိ သစ်သားရိုးတပ်ထားသည့် အသွား(၆)လက်မခန့်ရှိ

ပေါက်ပြားနှင့်ထုသတ်လိုက်ကြောင်းပြောပြသိရှိရသဖြင့် ဖခင်ဖြစ်သူ

ဦးကျော်အေး(ခ)ဦးမျိုးမြင့်အား ပေါက်ပြားနှင့်ထုသတ်သူ

ထက်ဝေအောင်(ခ)ဖိုးသားအား ဥပဒေအရ အရေးယူပေးပါရန်

မဆုမွန်ဖြိုးမှ အောင်ပန်းမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့သည်ဟု

သိရှိရပါသည်။

ထိုနောက် အောင်ပန်းမြို့မရဲစခန်းမှ (ပ)၁၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ

၃၀၂ဖြင့်အမှုဖြင့်အရေးယူ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

Source: Crime

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။