ဒီ​နေ့ (၁.၂.၂၀၁၇) မနက်​အ​စောပိုင်​း က မရမ်​းကုန်​းမြို့နယ်​၊ အမှတ်​ ၂ ရပ်​ကွက်​၊ သမိုင်​းလမ်​းဆုံ City Mart ​မြေညီထပ်​ရှိ ဆိုင်​ခန်​းတစ်​ခု၏ မီးဖိုခန်​းတွင်​ မီးအနည်​းငယ်​​လောင်​ကျွမ်​းမှုဖြစ်​ပွားခဲ့တယ်လို့ သိရပါတယ်။ မရမ်​းကုန်​းမြို့နယ်​ မီးသတ်​စခန်​းမှ မီးသတ်​ယာဉ်​ ၂စီး၊ လှိုင်​မြို့နယ်​ မီးသတ်​စခန်​းမှ မီးသတ်​ယာဉ်​ ၁စီး၊ ဘုရင်​့​နောင်​နယ်​​မြေ မီးသတ်​စခန်​းမှ မီးသတ်​ယာဉ်​ ၁စီး တို့လာ​ရောက်​ငြှိမ်​းသတ်​ခဲ့ကြပြီး ကျွန်​​တော်​တို့ အ​ရေး​ပေါ်ကယ်​ဆယ်​​ရေးနှင်​့ လူမှုအ​ထောက်​အကူပြု ဖွံဖြိုး​ရေးအသင်​း (ERSSDO) မှ ဂါလံ(၁၅၀၀) ​ရေသယ်​ယာဉ်​တို့က သွားရောက်ကူညီခဲ့တယ်လို့လည်း သိရပါတယ်။ ၊ မီး​လောင်​မှုဟာ အနည်​းငယ်​သာ ဖြစ်​ပြီး အလုံပိတ်​အ​ဆောက်​အအုံ အ​နေအထားဖြစ်​တဲ့ အတွက်​ မီးခိုးများ ပြန်​့နှံထွက်​လာခြင်​းဖြစ်​တယ်လို့ ပြောပါတယ်။

Credit - Original uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။