မြန်မာ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) ဖွင့်ပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီလ ၁၇ ရက်တွင် မြန်မာဘောလုံးအကယ်ဒမီ (ရန်ကုန်) တည်ရှိရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ရုံးအနီး ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ဖိတ်ကြားမှုဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ဥက္ကဋ္ဌ ဂီအန်နီ အင်ဖန်တီနို လည်းတက်ရောက်မည်ဖြစ်ကြောင်း ဖီဖာမှ ယနေ့မနက်ပိုင်းက MFF ထံ အကြောင်းကြားလာခဲ့သည်။

နိုင်ငံတကာ အဆင့်မီ တည်ဆောက်ထားသည့် မြန်မာ အမျိုးသား ဘောလုံး အကယ်ဒမီ ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် MFF မှစီစဉ်လျက် ရှိပြီး နိုင်ငံတော် အစိုးရအဖွဲ့ ခေါင်းဆောင်များ၊ ဖီဖာ ဥက္ကဋ္ဌ အပြင် နိုင်ငံတကာ ဘောလုံး လောကမှ ထင်ရှားသူများအားလည်း တက်ရောက်ရန် ဖိတ်ကြားမှုများ စတင်ပြုလုပ်လျက် ရှိသည်။

မြန်မာဘောလုံးအကယ်ဒမီ (ရန်ကုန်) ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်က စတင် အုတ်မြစ်ချ ဆောက်လုပ်ခဲ့ပြီး စုစုပေါင်း အကျယ်အဝန်း ၆.၅၅ ဧက ရှိသည်။ ဘောလုံးအကယ်ဒမီ အဆောက်အဦး ဘေးတွင် မြက်ခင်းတုကွင်း (၂) ကွင်းပါရှိသည်။

Ref., MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။