Hotel Villa Honegg

Hotel villa Honegg ဟာဆွစ်ဇာလန်နိုင်ငံမှာတည်ရှိတာဖြစ်ပီး Bürgenstock တောင်ရဲ့အမြင့်နေရာပိုင်းမှာတည်ဆောက်ထားပဲဖြစ်ပါတယ်။ ဒီဟိုတယ်မှာဆိုရင် ဇိမ်ခံအခန်းပေါင်း (၂၃)ခန်း ၊ ကိုယ်ပိုင်ရုပ်ရှင်ရုံတစ်ခု ၊ ကျန်းမာရေးထိန်းသိမ်းစောင့်ရှောက်မှု စင်တာ၊ ရေပူရေနွေး ရေကူးကန်အပြင် picturesque ကန်ရဲ့ အလှကိုလည်းအပေါ်စီးကနေ ကြည့်နိုင်ပါတယ်။

Oberoi Udaivilas Hotel

Oberoi Hotelဟာ အိန္ဒိယနိုင်ငံမှာတည်ရှိတာဖြစ်ပီး Pichola ကန်ရဲ့ကပ်လျက်ပေါ်မှာတည်ဆောက်ထားပီး ဒီဟိုတယ်ရဲ့ပတ်ပတ်လည်မှာ Rajasthan မြို့ရဲ့ခမ်းနားလှပတဲ့နေရာတွေနဲ့ဝန်းရံထားပါတယ်။ဟိုတယ်ဧရိယာထဲမှာတော့ သံစဉ်တွေမြည်တဲ့ရေပန်းတွေ၊ အရောင်မျိုးစုံပါ၀င်တဲ့ ရေကူးကန်တွေ အပြင် စိမ်းလန်းစိုပြည်တဲ့ဥယျာဉ်တွေပါ ဖန်တီးပေးထားပါတယ်။

Amangiri Resort

ဒီအပန်းဖြေစခန်းကတော့ အမေရိကန်နိုင်ငံမှာတည်ရှိတာဖြစ်ပီး ၆၀၀ဧက ကျယ်ဝန်းတဲ့ချောက်ကြီးထဲမှာတည်ဆောက်ထားတာပဲဖြစ်ပါတယ်။Amamgiri အပန်းဖြေစခန်းကို တည်ဆောက်ပုံအနေအထား၊အရောင်အဆင်းအပြင်အသုံးအဆောင်များအထိပါသဘာဝရှုခင်းတွေနဲ့လိုက်လျောညီထွေစွာဖွဲ့စည်းထားတာဖြစ်ပါတယ်။အခန်းရဲ့အတွင်းပိုင်းမှာလည်း ဇိမ်ခံရေကူးကန် ၊ စာကြည့်ခန်း ၊ ညစာစားခန်းအပြင် မြေအောက်ခန်းပါ ထည့်သွင်းပေးထားပါတယ်။

Cabanes Als Arbres Hotel

အဆိုပါဟိုတယ်ကတော့ စပိန်နိုင်ငံမှာတည်ရှိပီး သဘာဝအလှအပကိုချစ်မြတ်နိုးတဲ့သူများအတွက်အထူးသင့်လျော်ပါတယ်။လာရောက်တည်းခိုတဲ့သူများအတွက် အိပ်စက်တဲ့အခါ ကြယ်တွေဆုံတဲ့ကောင်းကင်ကြီးရဲ့အောက်မှာအိပ်စက်ရမှာဖြစ်ပီး ကြီးမားတဲ့သစ်ကိုင်းတွေနဲ့ကာရံပေးထားပါတယ်။

Poseidon Undersea Resort

ဒီရေအောက်အပန်းဖြေစခန်းကတော့ ဖီဂျီမှာရှိတာဖြစ်ပီး ပင်လယ်ရဲ့အောက်ခြေမှာတည်ရှိတာဖြစ်ပီး မိုင်အနည်းငယ်ရှည်လျားပါတယ်။ဒီကိုလာလည်မယ့်ဧည့်သည်တွေဟာ ပင်လယ်ရေအောက်မှာနေရသလိုခံစားရမှာဖြစ်ပီး ရေနေသတ္တဝါမျိုးစုံတို့ကိုလည်းလေ့လာနိုင်မှာဖြစ်ပါတယ်။

Source: Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။