Justin Bieber ဟာ DJ Khaled ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ "I'm The One" သီချင်းကို Lil Wayne တို့ နဲ့ အတူ Featuring သီဆိုပေးခဲ့ပေးဖူးသလို ဒီသီချင်းလေဟာ 2017 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး 2018 ခုနှစ် ထိ အောင်မြင် ရေပန်းစား လူကြိုက်များခဲ့တဲ့ သီချင်း တစ်ပုဒ် ဖြစ်ပါတယ်။ DJ Khaled ကတော့ အသက်(၄၂) နှစ် ရှိပြီး ဖြစ်တဲ့ အမေရိကန် ရက်ခ်ပါ၊ ထုတ်လုပ်သူ ၊ အဆိုတော် ဖြစ်သလို အောင်မြင်တဲ့ DJ တစ်ဦးလည်း ဖြစ်ပါတယ်။

2016 ခုနှစ်မှာ သူရဲ့ ကိုယ်ပိုင် studio ကနေ Listennn... the Album ဆိုတဲ့ album ကို ထုတ်ေ၀ ဖြန့် ခဲ့ပြီး နောက်ထပ် ဆက်လို့We the Best (2007), We Global (2008), Victory (2010), We the Best Forever (2011), Kiss the Ring (2012) နဲ့ Suffering from Success (2013) ကဲ့သိုက သော သီချင်းတွေကို အသံသွင်း ထုတ်ဝေခဲ့ပါတယ်။2009 ခုနှစ်မှာတော့ Def Jam South record label ရဲ့ president တစ်ဦး ဖြစ်လာခဲ့ပြီး We the Best Music Groupရဲ့ CEO တစ်ဦး ဖြစ်သလို တည်ထောင်သူလည်း ဖြစ်ပါတယ်။

Justin Bieber နဲ့ DJ Khaled ညီအကို တွေသမျှ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး လာမဲ့ ဇူလှိုင်လ(၂၇) ရက်နေ့ ၊ သောကြာနေ့မှာ သူတို့ နှစ်ဦးရဲ့ ပူပေါင်းပြီး တင်ဆက်မဲ့ No brainer ဆိုတဲ့ သီချင်းသစ် တစ်ပုဒ် ထွက်ရှိမဲ့အကြောင်း ကြိုတင် Announcement ထုတ်ပြန်လိုက်ပါတယ်။ ဒီသီချင်း ကို Featuring အနေနဲ့ Chance The Rapperနဲ့ Quavo တို့က ပါဝင် သီဆိုပေးမှာ ဖြစ်ပါတယ်။

source: DJ Khaled instagram ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။