ပရိသတ်တွေရဲ့ အချစ်တွေကိုအခိုင်အမာသိမ်းပိုက်ရရှိထားတဲ့ ပြည်သူ့အချစ်တော် မင်းသမီးချောလေးတွေကို ပြောရမယ်ဆိုရင်တော့ ချစ်သက်လို့အားလုံးကချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောသက်မွန်မြင့်ကတော့ မပါမဖြစ်ပါပဲ..။

လူတိုင်း လူတိုင်း အကောင်းဆုံးတွေကို ပိုင်ဆိုင်နိုင်ဖို့ အဆိုးဆုံးတွေကိုလည်းရင်ဆိုင်ရစမြဲဖြစ်သလို အောင်မြင်တဲ့အနုပညာရှင်တွေဟာလည်း အကောင်းအဆိုးတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရတာပါပဲမို့ မင်းသမီးချောလေးသက်မွန်မြင့်ကလည်း သူမရင်ဆိုင်ခဲ့ရတာတွေကို သူမရဲ့မွေးနေ့လေးမှာ ရင်ဖွင့်ပြောပြလာပါတယ်..။

ပြီးခဲ့တဲ့ ဇူလိုင်လ(၂၃)ရက်နေ့လေးကတော့ ပရိသတ်အချစ်တော်မင်းသမီးချောလေး သက်မွန်မြင့်ရဲ့ အသက်(၃၆)နှစ်ပြည့် မွေးနေ့ရက်လေးဖြစ်ပြီး မွေးနေ့လေးမှာလည်းမိသားစုအပြင် ချစ်ရတဲ့မိတ်ဆွေသူငယ်ချင်းများနဲ့ ပရိသတ်တွေကလည်း မွေးနေ့ Surprise နဲ့ မွေးနေ့အလှူလေးတွေပြုလုပ်ပေးခဲ့ကြတာ တွေ့ရပါတယ်..။

မွေးနေ့လေးမှာတော့ သူမခံစားခဲ့ရတဲ့အကောင်းအဆိုးတွေကို သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ အခုလိုရေးသားရင်ဖွင့်ပြောပြထားပါသေးတယ်..။

“ဒီနှစ် 2018 ကစလို့ ဒီမွေးနေ့မတိုင်ခင်ထိ ရင်ဆိုင်ခဲ့ရတဲ့ အဆိုးအကောင်းတွေက သိပ်ကိုပြင်းထန်ခဲ့ပါတယ်.. ဒါက ကျွန်မကိုပိုပြီး လူပီသစေပါတယ်.. ပိုပြီး အတွေ့အကြုံတွေနဲ့ ရင့်ကျက်စေပါတယ်.. ပိုသတ္တိရှိစေပါတယ်.. ပိုကြိုးစားရပါတယ်.. ကိုယ်ယူချင်လို့ ယူထားရတဲ့တာဝန်တွေ တွက် တွန်းအားတွေပါပဲ.. သေချာတာ လောကဓံနဲ့ စစ်တိုက်ရတဲ့ခါ ကျွန်မ တစ်နှစ်ထက်တစ်နှစ် ပိုသတ္တိရှိစွာ ရင်ဆိုင်နိုင်လာတယ်.. အဲ့တွက် ကျေနပ်တယ် ချစ်တယ်..” ဆိုပြီး ခံစားချက်လေးတွေကို ဖွင့်ဟလာတာ ဖြစ်ပါတယ်..။

ချစ်ရတဲ့ ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းစကားလေးတွေနဲ့အတူ အားပေးစကားလေးတွေလည်း ချစ်သက်လေးအတွက် ချစ်စဖွယ်ရေးသားပြောထားကြတာ တွေ့ရပါတယ်..။

Photo - ချစ်သက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။