ဇော်ဝင်းထွဋ်ဆိုတာနဲ့ နာမည်ကျော် Rock ဂီတအဆိုတော် တစ်ယောက်ဆိုတာကို ပရိသတ် ကြီး အားလုံးသိပြီးသားဖြစ်မှာပါ ။ ပရိသတ်တွေရင်ထဲကိုရောက်စေခဲ့တဲ့ တေး သီချင်း ပေါင်းများစွာကို ဖန်တီးခဲ့တဲ့ အနုပညာရှင်ကောင်း တစ်ယောက်ဆိုရင် လည်း မမှားပါဘူး ။ မကြာသေးမီကမှ လူမှုကွန်ယက်ပေါ်မှာ Rocker တစ်ယောက်လို့လူသိများတဲ့ အဆိုတော် ဇော်ဝင်းထွဋ်သီဆိုထားတဲ့ မြန်မာသံတေးသီချင်းတစ်ပုဒ်က ပရိသတ်တွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ် ။

သံသရာတကွေ့တွေ့ကြရာဝယ် ဆိုတဲ့သီချင်းကို သီဆိုသွားတာကို တကယ်ကို နားထောင်ကောင်းပြီး အနှစ်သာရပြည့်ဝတယ်လို့ ခံစားရစေပါတယ် ။ ဇော်ဝင်းထွဋ်ဟာ ရှေးစာဆိုရှင်ကြီးဦးကြင်ခဲ ဆရာရွှေတိုင်ညွန့် အဆိုတော်ထား တို့ရဲ့မျ ိုးဆက် ဖြစ်ပြီး မဟာဂီတ သင်ရိုး၁၃ ပုဒ် နဲ့ကြီးပြင်းလာသူ လို့ လည်းသိရှိပါတယ် ။ ဒါ့အပြင် မြန်မာ ဂီတ တူရိယာတွေဖြစ်တဲ့ ပတ္တလား စောင်း ကိုလည်း ကျွမ်းကျင်စွာတီးခတ်တတ်ပါသေးတယ် ။ ဒါကတော့ ပရိသတ်တော်တေ်ာများများ မသိသေးတဲ့ ဇော်ဝင်းထွဋ်ရဲ့ လေးစားစရာ ဂီတပညာအရည်ချင်းတွေဘဲ ဖြစ်ပါတယ် ။

သူ့ရဲ့မိခင်ဖြစ်သူ ဒေါ်ထားကလည်း တစ်ချိန် က မြန်မာသံဂီတ အဆိုရှင်တစ်ဦး ဖြစ် ပြီး သူ့အမေရဲ့ အမွေတွေကို လက်ဆင့်ကမ်း ရထားတယ်လို့ဆိုရမှာပါဘဲ ။ အခုခေတ် လူငယ် ပရိသတ်တွေတော်တော်များများက ဇော်ဝင်းထွဋ်ကို Rock ဂီတ ပညာရှင်တစ်ယောက် လို့သာ သိထားတာ ဖြစ်တဲ့အတွက် အခုလို အဖက်ဖက်မှာ ကျွမ်းကျင်တဲ့ ဂီတနဲ့ပတ်သတ် ရင် ပါရမီရင့်သန်တဲ့သူဖြစ်ကြောင်းကို ဒီဗီဒီယိုလေးနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Video Source : အောင်ဇော်ခင် မြန်မာ့ဆိုင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။