ရွှေထူးတစ်ယောက် ထူးခြားတဲ့ ပုံတစ်ပုံကို သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ဝေမျှလိုက်တာမို့ ပရိသတ်တွေက ဒေါက်ဖိနပ်ကြီးစီးထားတာလားလို့မေးနေကြပါတယ်။ ရွှေထူးတစ်ယောက် OPPO နဲ့ပူးပေါင်းပြီး အလန်းစားကြော်ငြာတွေကို ရိုက်ကူးခဲ့တာပါ ။ အာကာသပေါ်ကမြင်ကွင်းတွေ ကြယ်တာရာတိုက်ပွဲတွေကြားထဲမှာ ရောက်နေသလားလို့ထင်ရအောင် ဖန်တီးထားတာပါ ။

A SPACE ODYSSEY အမည်ရှိတဲ့ Album ကို OPPO ကနေ ဖန်တီးပေးထားပြီး designer _ Swam Heain AHLATT LUMYANG MIN KHANT , stylist & art director _ Swannie Dean,assistant stylist _ Herry Ender,makeup & hair _ April Thuta, ဓါတ်ပုံ MR.HAW Haw Suepin Sai Khamတို့က ပူးပေါင်းဖန်တီးခဲ့ကြတာပါ ။ ဒီပုံတွေအပြင် ရွှေထူးတစ်ယောက် "ကဲ ဒေါက်ဖိနပ်စီးရိုက်ရတာလွယ်တယ်ထင်လား"ဆိုတဲ့ ပုံတစ်ပုံကို တင်ခဲ့ပါတယ် ။ အာကာသသူရဲကောင်းကြီးတစ်ယောက် အမှတ်တမဲ့ဒေါက်ဖိနပ်နဲ့ တိုက်ပွဲဝင်နေသလိုပါဘဲ။

တကယ်ကတော့ ရုတ်တရက်ပေါ်ပေါက်လာတဲ့ အမြင်ကြောင့်သာဖြစ်ပါတယ် ။ တကယ်တမ်းဒေါက်ဖိနပ်စီးခဲ့တာမဟုတ်ပါဘူး မော်ဒယ်မမ ရဲ့ ပြားချပ်ချပ်ကိုယ်နေဟန်ထားဟာ ရွှေထူးရဲ့ ဖွံ့ထွားရဲ့ ကိုယ်ပေါ်မှာ ပျောက်ကွယ်သွားခဲ့တာပါဘဲ။ ပရိသတ်ကြီးရေ ရွှေထူးတစ်ယောက်ကတော့ အလန်းစားစတိုင်တွေ နဲ့ ဂေါ်လိုက်ပါပြီ ။ ပရိသတ်ကြီးရော တကယ်ဒေါက်ဖိနပ်စီးတာ ဟုတ်မဟုတ် မှတ်ချက်ပေးခဲ့ကြပါဦး ။

Source - Htoo Khant 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။