နာမည်ကြီး စာရေးဆရာမ သျှင်မရဲ့ နာမည်ကျော် ဝတ္ထုတစ်ပုဒ် မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ် ထားရှိတဲ့ မေတ္တာတရား သားသမီးကို ထိပါးလာရင် မခံစားနိုင်တဲ့ မိခင်တစ်ယောက်ရဲ့ သတ္တိ စတဲ့အရာတွေကို ရေးဖွဲ့ထားတဲ့ "ဟစ်တိုင်" ဝတ္ထုကိုတော့ မကြာခင် ပိတ်ကားထက်မှာ မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ အကယ်ဒမီ အိန္ဒြာကျော်ဇင်က "ဒေါင်းနီ" နေရာက သရုပ်ဆောင်ထားတာဖြစ်ပြီး ပရိသတ်တွေကြား အလွန်ရေပန်းစားလို့နေပါတယ်။ 

ဝါရင့်သဘာရင့် အနုပညာရှင်ကြီးတွေကတောင် ချီးကျူးရတဲ့ အနုပညာစွမ်းရည်ရှိတဲ့ အူဝဲဟာ ဒီဇာတ်ကားမှာ ရဲရဲတောက် မိခင်နေရာက သရုပ်ဆောင်ထားတာဖြစ်ပြီး ဇာတ်ကားမထွက်ခင်ကပင် ပရိသတ်တွေကြား နာမည်ကြီးလို့နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဇာတ်ကားရိုက်ကူးပြီစီးသွားပြီလို့ သိရပြီး BTS က ဓာတ်ပုံတွေထွက်ရှိလာချိန်မှာတော့ ဒီဇာတ်ကားကို သွားကြည့်မှဖြစ်မယ်ဆိုတဲ့ အသံတွေပါ ထွက်ပေါ်နေတာကိုလည်း တွေ့ရပါတယ်။ 

ဒီဇာတ်ကားကိုတော့ ဆင်ဖြူကျွန်းအထိ သွားရောက်ရိုက်ကူးထားတာဖြစ်ပြီး အဖွဲ့သားတွေအကုန်လုံးနဲ့အတူ အူဝဲတစ်ယောက်လည်း အသေအချာပင်ပန်းခံ ရိုက်ကူးထားတယ်လို့လည်း သိရပါတယ်။ ကဲ ပရိသတ်ကြီးအတွက် ဒီဇာတ်ကားရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်တစ်ချို့ကို အမြည်းဖော်ပြေပေးလိုက်ပါတယ်နော်.....

Photo Source : Pathy Pathy

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။