Myanmarload ပရိတ်သတ်တွေထဲ ကိုရီးယားဇာတ်လမ်းတွဲတွေ ကြိုက်နှစ်သက်တဲ့သူတွေရှိကြလားဗျိုး ။

ရှိတယ်ဆိုရင်တော့ What's Wrong With Secretary Kim ဇာတ်ကားလေးကို မသိသူရှိမယ်မထင်ပါဘူး ။

လက်တလောမြန်မာပရိသတ်တွေကြားတမ်းတမ်းစွဲဖစ်နေရတဲ့ What Wrong with Secretary Kim ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲလေးကလည်း လူမှု့ကွန်ရက်ပေါ်မှာ အတော်လေးနာမည်ကြီးနေတဲ့ ဇာတ်ကားဖြစ်နေလို့ပါ ။ 

လတ်တလော ကိုရီးယား ရုပ်သံလိုင်းမှာ ထုတ်လွှင့်နေဆဲကားလေးဖြစ်ပြီး စတင်ထုတ်လွှင့်တဲ့ အစဦးအပိုင်းတွေထဲက စိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်ရှုနှုန်းအများအပြားရရှိခဲ့ပြီး တစ်ပိုင်းပြီးတစ်ပိုင်းဇာတ်ရှိန်တက်လာတာနဲ့ အမျှ လူကြိုက်အများဆုံးဇာတ်လမ်းတွဲတစ်ခုဖြစ်လာခဲ့ပါတယ် ။ June 27 မှာတော့ ကမ္ဘာ မှာ ကြည့်ရှုနှုန်း 7.3 နဲ့ ကိုရီးယားပြည်တွင်းမှာ 8.8 percent ပျှမ်းမျှရရှိပြီး 2018 ခုနှစ်အတွင်း လူကြည့်အများဆုံး ကိုရီးယားစီးရီး စံချိန်ကို တင်နိုင်ခဲ့တာပါ ။ ခုလက်ရှိထိလဲ ထုတ်လွှင့်နေဆဲပါပဲ ။ ဒီဇာတ်လမ်းတွဲလေးကတော့ အောင်မြင်ကျော်ကြားတဲ့ Webtoon ကိုပြန်လည်ရိုက်ကူးထားတဲ့ ဒရမ်မာဆန်ဆန် အချစ်ဟာသဇာတ်လမ်းတွဲလေးဖြစ်ပြီး Company ရဲ့ ဒုဥက္ကဋ္ဌ အဖြစ် နှုတ်ခမ်းနီမလေးတွေအသဲစွဲ မင်းသားချော Park Seo-joon နဲ့ ဒုဥက္ကဋ္ဌ နဲ့ ကိုးနှစ်တာ အလုပ်အတူတွဲလုပ်ခဲ့တဲ့ အတွင်းရေးမှူးမလေးအဖြစ် တောင်ကိုရီးယားထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Park Min Young နဲ့ တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဟာသနဲ့ Romance ပေါင်းစပ်ရိုက်ကူးထားတာပါ ။ မြန်မာနိုင်ငံက ပရိတ်သတ်တွေ အနေနဲ့လဲ အွန်လိုင်းကနေတဆင့်ကြည့်ရှုပြီး သဘောကျအားပေးနေကြတာမို့ တစ်ပိုင်းပြီးသွားတိုင်း

မင်းသား နဲ့ မင်းသမီးတို့ရဲ့ ဇာတ်ဝင်ခန်း ပုံရိပ်တွေကလည်း အွန်လိုင်းပေါ်မှာ ပျံနှံကာ ရေပန်းစားလျက်ရှိပါတယ် ။

ဇာတ်လမ်းအကျဉ်းလေးနဲ့ အတူ သူတို့နှစ်ဦးရဲ့ ဇာတ်ဝင်ခန်းပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ မကြည့်ရသေးတဲ့ ပရိသတ်တွေလည်း ဒီကားလေးကို ပိုပြီးကြည့်ချင်သွားမယ်ဆိုတာ သေချာပါတယ်ဗျိုး ။ 

ကင်မီဆိုကတော့ သွက်လက်ထက်မြက်ပြီး အပြစ်ပြောစရာမလိုလောက်အောင်လှပကျော့ရှှင်းတဲ့ အတွင်းရေးမှူးမလေး တစ်ယောက်ပါ ။ သူမရဲ့ သူဋ္ဌေး ကတော့ ဘဝင်မြင့်ပြီး သူ့ကိုယ်သူအကောင်းမြင်စိတ်လွန်ကဲကာ မိန်းမတွေကို စိတ်ဝင်စားလေ့မရှိဘဲ ပြတ်သားတဲ့ ဒုဥက္ကဋ္ဌ တစ်ယောက်ဖြစ်ပါတယ် ။

IQ မြင့်ပြီး အလုပ်လုပ်တာ တော်လွန်းထက်လွန်းတဲ့ သူဋ္ဌေး နဲ့ အတူ ကိုးနှစ်တာ အလုပ်တွဲလုပ်လာတဲ့ ကင်မီဆိုက အလုပ်ဆင်းချိန်တက်ချိန်တောင် ပုံမှန်မရှိဘဲ အမြဲ Stand By ဖြစ်နေရပြီး သူဋ္ဌေးလိုသမျှ ဖြည့်ဆည်းပေးရင်းက သူတစ်ပါးအတွက် အသက်ရှင်နေရသလိုဖြစ်နေတဲ့ သူမရဲ့ ဘဝကို စိတ်ကုန်လာတာမို့ အလုပ်ကထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ သူမရဲ့ စိတ်ကူးကတော့ အလုပ်ကထွက်ပြီး အိမ်ထောင်ပြုကာ သူမအတွက် ကိုယ်ပိုင်ဘဝကို ဖန်တီးမယ်ပေါ့ ။ အဲဒီ ဆုံးဖြတ်ချက်ကို သူဋ္ဌေးကို ပြောလိုက်စဉ်မှာတော့ သူဋ္ဌေးက " အလုပ်မထွက်နဲ့ အိမ်ထောင်ပြုချင်တယ်ဆို သူလက်ထပ်ပေးမယ် " လို့ ပြောရာကစပြီး

အလွဲအချော်တွေ များစွာနဲ့ ဘဝင်ခပ်မြင့်မြင့် သူဋ္ဌေးလေးနဲ့ အတွင်းရေးမှုးမလေးရဲ့ ဆက်ဆံရေးတွေဟာ တစ်မျိုးတစ်ဖုံပြောင်းလဲ လာပါတော့တယ် ...

ဇာတ်သိမ်းခန်းအထိတောင် ထွက်ရှိထားခြင်းမရှိသေးတဲ့ ဒီဇာတ်လမ်းတွဲလေးဟာ မနှစ်က လီမင်ဟိုပါဝင်ထားတဲ့ ပင်လယ်ပြာရဲ့ ဒဏ္ဍာရီဇာတ်လမ်းတွဲလိုပဲ မြန်မာနိုင်ငံမှာ နာမည်အလွန်ကြီးနေပြီး ပရိသတ်စိတ်ဝင်စားမှုတွေအများဆုံးရရှိနေတာတွေ့ရပါတယ် ပရိတ်သတ်ကြီးရေ ... ပရိတ်သတ်တို့ထဲက ဒီဇာတ်ကားလေးကို အားပေးတဲ့သူတွေရှိရင် ပြောသွားခဲ့ကြဦးလေနော ။

သတင်းအရင်းမြစ် google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။