အမေရိကန်ရဲ့နာမည်ကျော် Relity Star တစ်ဦးဖြစ်သလို စူပါမော်ဒယ် တစ်ဦးဖြစ်တဲ့ ကိုင်လီဂျန်နာကတော့ ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ သူမရဲ့ဒူးခေါင်းအထက်က အမာရွတ်အကြောင်းကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောပြလိုက်ပါပြီ။

ကမ္ဘာကျော် Kylie အမှတ်တံဆိပ်အမျိုးသမီးသုံးအလှကုန်ထုတ်လုပ်သူတစ်ဦးလည်းဖြစ်တဲ့ ကိုင်လီ ဟာ လွန်ခဲ့တဲ့ ခင်ပွန်းဖြစ်သူ Travis Scott နဲ့ အတူ လွန်ခဲ့တဲ့ ရက်အနည်းငယ်က GQ မဂ္ဂဇင်းကာဗာတစ်ခုအတွက် ဓာတ်ပုံရိုက်ကူးပေးခဲ့ပါတယ်။ 

အဆိုပါ ဓာတ်ပုံမှာတင်မက အတိုအပြတ်လေးတွေဝတ်တိုင်း သိသိသာသာမြင်နေရတဲ့ သူမရဲ့ ဘယ်ဘက်ပေါင်အောက်မှာရှိနေတဲ့ ခြစ်ရာလို အမာရွတ်ကြီးတစ်ခုကတော့ သူမရဲ့ ပေါင်တံအလှကို အနည်းငယ် ရုပ်ဆိုးစေသလိုပါပဲ။ ဒါ့ကြောင့်လည်း မီဒီယာတွေနဲ့ ပရိသတ်တော်တော်များများက သူမရဲ့ ခြေထောက်က အမာရွတ်နဲ့ပတ်သက်ပြီး စပ်စပ်စုစုသိချင်နေကြချိန်မှာ သမီးလေးတစ်ယောက်ရဲ့ မိခင် ကိုင်လီက အဲ့ဒီအမာရွတ်ဘယ်လိုရခဲ့လဲဆိုတာ အင်စတာဂရမ်ကနေတစ်ဆင့် အလိုက်တသိ ဖွင့်ပြောခဲ့ပါတယ်။ 

"ကျွန်မအသက်(၅)နှစ်အရွယ်တုန်းကပေါ့ ကျွန်မနဲ့ ညီမလေး ကန်ဒဲလ် တို့ တူတူပုန်းတမ်း ဆော့ချိန်တုန်းက ကျွန်မက လူအရောက်ပေါက်နည်းတဲ့ ဂိတ်ကြီးတစ်ခုထဲမှာ ပုန်းခဲ့မိတယ် ၊ အဲ့မှာအတော်လေးကြာကြာပုန်းနေတော့ ညီမလေး က ကျွန်မကို လုံးဝရှာမတွေ့ခဲ့ဖူးလေ။ အဲ့ဒါနဲ့ ကျွန်မ အဲ့ဒီဂိတ်ထဲကနေထွက်ဖို့ တိုင်တစ်ခုပေါ်ကနေတက်ခဲ့တယ်။ အဲ့မှာ စချော်လဲတာပဲ ကျွန်မခြေထောက်တော့ အဲ့တိုင်နဲ့ ခြစ်မိရာကနေ အခုချိန်ထိ အမာရွတ်ကြီး ကျန်နေခဲ့တာပါပဲ" လို့ ကိုင်လီတစ်ယောက် သူမရဲ့ ခြေထောက်က အမာရွတ်ရဲ့ ရာဇဝင်ကို ဖောက်သည်ချခဲ့ပါတယ်။

သမီးလေးတစ်ယောက်ရဲ့ မေမေ ကိုင်လီ တစ်ယောက်ကတော့ ဆယ်ကျော်သက်အရွယ်နဲ့ အခုလို ကလေးမွေးထားပေမယ့်လည်း တစ်သားမွေးတစ်သွေးလှလာတာကို တွေ့ရပါတယ်။ သူမနဲ့ ခင်ပွန်းသည် စကော့ ဟာ စေ့စပ်ထားရုံသာရှိသေးပြီး ကလေးတစ်ယောက်ရထားပေမယ့် ဒီနေ့အချိန်ထိ တရားဝင်လက်ထပ်ထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။ 

ကိုင်လီတို့စုံတွဲဟာ အစပိုင်းမှာ သူတို့ရဲ့ အချစ်ရေးကို တိုးတိုးတိတ်တိတ်ဖုံးထားပေမယ့် (၂၀၁၈)ခုနှစ် ဧပြီလမှာမှ တရားဝင်တွဲနေကြောင်း ချပြခဲ့တာဖြစ်ပါတယ်။ ကိုင်လီဟာ "ကျွန်မရဲ့ အမာရွတ်ကို သဘောကျတယ်" ဆိုတဲ့ စာလေးရေးကာ ခြေထောက်အောက်ပိုင်းကို ဖော်ထားတဲ့ ဓာတ်ပုံတစ်ပုံ မျှဝေခဲ့တာတွေ့ရပါတယ်။

မျက်နှာနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှမှာ ပြောစရာမလိုလောက်အောင် ပြီးပြည့်စုံနေပမယ့် သူမရဲ့ ခြေထောက်က အမာရွတ်က အလှပျက်စေတယ်လို့လည်း တစ်ချို့က ဝေဖန်ထားဖူးပါတယ်။

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။