နာမည်ကျော်သရုပ်ဆောင် မင်းသမီးချောတစ်ဦးဖြစ်တဲ့ စမိုင်းလ်တစ်ယောက်ကတော့ လတ်တလောမှာ ခရီးတွေပဲ ဆက်တိုက်ထွက်ရှိနေတာ တွေ့ရပါတယ်..။

ပြီးခဲ့တဲ့ ဇွန်လ(၂၆)ရက်နေ့ကတည်းက မိသားစုနဲ့အတူ ဥရောပဘက်ကိုခရီးထွက်နေ တာဖြစ်ပြီး  လတ်တလောမှာတော့ အင်္ဂလန်နိုင်ငံရဲ့ Liverpool ကို ရောက်ရှိနေတယ်လို့ သိရပါတယ်..။

သူမဟာ Liverpool က The beatles museum မှာ Liverpool ကကောင်လေးတွေကမ္ ဘာကျော်ဖြစ်ဖို့အတွက် ကြိုးစားခဲ့ပုံလေးတွေနဲ့ အောင်မြင်မှုကျော်ကြားမှု အရမ်းများသွား တဲ့အခါကွဲသွားပုံ ပရိတ်သတ်တွေကြေကွဲ ဝမ်းနည်းမှုတွေ.. တစ်နေရာတည်းမှာ တွေ့ခဲ့ရ တယ်လို့ဆိုပါတယ် ။ " အောင်မြင်တဲ့အချိန်ထက် မအောင်မြင်ခင်တုန်းကကိုယ့်ရဲ့ ဘေးနားမှာ ရှိနေတဲ့သူတွေကိုတန်ဖိုးပိုထားဖို့ " ဆိုတဲ့စာသားလေးနဲ့အတူ သူ့ရဲ့လူမှုကွန် ယက် စာမျက် နှာကနေ တစ်ဆင့် ပရိသတ်တွေကို ပြန်လည်မျှဝေပေးခဲ့တာပါ ။

သူမဟာ အစိမ်းရောင် ကတီဘာ အကျီလေးနဲ့အရမ်းကိုလှနေတာဖြစ်ပြီး မိသားစု ပျော်ပျော်ရွှင်ရွှင် ရိုက်ကူးထားတဲ့ ပုံရိပ်တွေကိုကြည့်ရတာ တကယ်ကို ကြည်နူးစရာ ကောင်း ပြီး နွေးထွေးတဲ့မိသားစုလေးဖြစ်လို့ ပရိသတ်တွေလည်း အားကျကြမယ်လို့ ထင်ပါတယ် ။ ချစ်ပရိသတ်ကြီးအတွက် စမိုင်းလ်ရဲ့ LIVERPOOL ရောက်ပုံရိပ်တွေ ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Smile

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။