ပရိသတ်ကြီးရေ MRTV-4 ရုပ်သံဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်အချစ်ကို ပိုင်ဆိုင်ခဲ့တဲ့ မင်းသားချောလေး ကျော်ထက်ဇော်ကိုတော့ ချစ်ပရိသတ်တွေအားလုံး သိပြီးသား ဖြစ်ကြမှာပါ။ ယောကျ်ားပီသခန့်ညားတဲ့ ဥပဓိရုပ်ကို ပိုင်ဆိုင်ထားတဲ့ သူက "အမုန်းမှသည်" ဇာတ်လမ်းတွဲလေးက စပြီး ပရိသတ်တွေကြားမှာ ကျော်ကြားအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူက အခုလက်ရှိ MRTV-4 မှာ ထုတ်လွှင့်ပြသနေတဲ့ "မိုးကောင်းကင်အိပ်မက်" ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင် ထားပါတယ်။

ဒီဇာတ်လမ်းတွဲလေးကိုတော့ Forever Group က စီစဉ်တင်ဆက်ပြီး တက်သစ်စသရုပ်ဆောင်လေးတွေဖြစ်တဲ့ ကျော်ထက်ဇော်အပါအဝင် စည်သူဝင်းနဲ့ ပိုးကြာဖြူခင်တို့က အဓိကသရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ ထက်ထက်မိုးဦး၊ အေးမြတ်သူတို့လည်း ပါဝင်ထားကြပြီး ပရိသတ်တွေကြားမှာ လတ်တလော စိတ်ဝင်တစားနဲ့ ကြည့်ရှုမှုများပြားနေတဲ့ဇာတ်ကား ဖြစ်ပါတယ်။ ကျော်ထက်ဇော်က ဒီကားလေးမှာ "ကာရံဟိန်း" ဆိုတဲ့ ကောင်လေးနေရာကနေ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ကျော်ထက်ဇော်က လတ်တလောမှာတော့ စလေမြို့ကို ရောက်ရှိနေပြီး သူ့ပရိသတ်တွေအတွက် ပုံအသစ်လေးတွေ တင်ထားတာ တွေ့ရပါတယ်။ "ဒီကိုကိုက နေခြည့်ကို အရမ်းအလိုလိုက်တာပဲနော် ကြိုက်ရဲ့လားဗျ ဒီည အပိုင်းလေး" ဆိုပြီး ပရိသတ်တွေကို နှုတ်ဆက်ရင်း ပျိုမေတွေ အသည်းယားချင်စရာ ကောင်းလောက်အောင် သပ်ရပ်ပြီးချောနေတဲ့ ပုံလေးတွေကို တင်ထားပါတယ်။ ကဲ သူ့ကိုချစ်တဲ့ ပရိသတ်တွေအတွက် ကျော်ထက်ဇော်ရဲ့ အပြုံးလှလှနဲ့ ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Kyaw Htet Zaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။