အမြဲချစ်စရာကောင်းတဲ့ပုံစံနဲ့ ပရိသတ်တွေရဲ့အချစ်တွေကိုရရှိနေတဲ့ မျိုးကိုကိုစန်းကတော့ ဆံပင်အတိုလေးညှပ်လိုက်ပြီး အရင်ကထက်ပိုပြီး ချစ်စရာကောင်းနေပါတယ်..။

ပရိသတ်အချစ်တော်လေးသူမကတော့ ဆံပင်အရှည်လေးနဲ့ယဉ်ယဉ်လေးလှနေသလို ညှပ်လိုက်တဲ့ဆံပင်အတိုလေးနဲ့လည်း လိုက်ဖက်ညီချစ်စရာကောင်းနေတာမို့ ဘယ်လိုနေနေပရိသတ်တွေကို အချစ်ပိုစေသူလေးပါပဲနော်..။

သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိတဲ့ အားလုံးရဲ့အချစ်တော်မျိုးကိုကိုစန်းကတော့ ဆံပင်အတိုလေးညှပ်လိုက်တာမို့ စိတ်မဆိုးရဘူးနော်ဆိုပြီးတော့လည်း ချစ်စဖွယ်ရေးသားထားပြီး သူမရဲ့ဓာတ်ပုံလေးတွေကို ဖေ့စ်ဘွတ်စာမျက်နှာကနေလည်း ပြန်လည်မျှဝေထားပါသေးတယ်..။

ဆံပင်ညှပ်လိုက်လို့စိတ်ဆိုးနေကြတဲ့ ပရိသတ်အချို့အတွက်လည်း သူမဆံပင်အတိုလေးညှပ်လိုက်ရတဲ့ အကြောင်းလေးကိုလည်း ရေးသားပြောပြထားတာလည်း တွေ့ရပါတယ်..။

“နောက်မှ အရှည်ပြန်ထပ်ထားပေးမယ်နော် ပုံစံလေးပြောင်းသွားအောင်ရယ် ဆံပင်တွေကမကောင်းတော့လို့သာညှပ်လိုက်ရတာပါ..” ဆိုပြီးတော့လည်း Comment မှာ ရေးသားပြောပြထားပါသေးတယ်..။

မျိုးကိုကိုစန်းကတော့ (၂၀၁၃)ခုနှစ်က ကျင်းပခဲ့တဲ့ Miss Rainbow Ribbon Myanmar 2013 ပြိုင်ပွဲကြီးမှာ Crown ရရှိခဲ့ပြီး ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဂေးအလှမယ်များသာ ယှဉ်ပြိုင်ရတဲ့ Miss International Queen 2014 ပြိုင်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်..။

Photo - မျိုးကိုကိုစန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။