နာမည်ကျော်သရုပ်ဆောင် မင်းသမီးချောတစ်ဦးဖြစ်တဲ့ စမိုင်းလ်တစ်ယောက်ကတော့ လတ်တလောမှာ ခရီးတွေပဲ ဆက်တိုက်ထွက်ရှိနေတာ တွေ့ရပါတယ်..။

ပြီးခဲ့တဲ့ ဇွန်လ(၂၆)ရက်နေ့ကတည်းက မိသားစုနဲ့အတူ ဥရောပဘက်ကိုခရီးထွက်နေတာ ဖြစ်ပြီး လတ်တလောမှာတော့ အင်္ဂလန်နိုင်ငံရဲ့ Liverpool ကို ရောက်ရှိနေတယ်လို့ သိရပါတယ်..။

သူမဟာ Liverpool မှာ အလိုတော်ပြည့်ဆရာတော်အား ဝါဆိုသင်္ကန်းကပ်ရန်ဝတ္ထုငွေလှူဒါန်း ခဲ့တယ်လို့သိရပါတယ် ။ ဘာသာရေးနဲ့ပတ်သတ်လာရင် လက်မနှေးတတ်တဲ့ သူမတို့မိသားစုက တော့ တကယ်ကို လေးစားအားကျစရာကောင်းလွန်းပါတယ် ။ ဘုရားတရား ဘယ်တော့မှမမေ့တဲ့အပြင် သူမတို့ခုလို အောင်မြင်လာတာ ဘာသာတရား အရမ်းလိုက်စားလို့ပါလို့ သူမကပြောခဲ့ဖူးပါသေးတယ် ။ သူမတို့ဟာ Liverpool က The Beatles museum မှာလည်ပတ်ပြီးနောက် ဆရာတော်ဘုရားကို သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ် ။

သူမရဲ့လူမှုကွန်ယက်မှာလည်း ဒီနေ့အလှူလေးအတွက် သူမတို့ဇနီးမောင်နှံရဲ့ ကြည်နူးဖွယ် ပုံရိပ်လေးတွေကို မျှဝေထား တာကိုလည်းမြင်တွေ့ရပါတယ်။တကယ့်ကိုကြည်နူးဖို့ကောင်းတဲ့ ဇနီးမောင်နှံလေးပါပဲနော်။ဆက်လက်ပြီလည်း သူမတို့အလှူပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ထပ်မံတင်ဆက်ပေးပါမယ်နော်။

Source : Smile

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။