ချစ်ပရိတ်သတ်ကြီးရေ နာမည်ကျော် လူကြိုက်များတဲ့ သရုပ်ဆောင်မင်းသားချောလေး ဇေရဲထက်ကို ပရိတ်သတ်ကြီးချစ်ကြမယ်ထင်ပါတယ်။သူဟာမိန်းကလေးတွေ ကြွေလောက်တဲ့ စမတ်ကျကျဒီဇိုင်းတွေရယ် ကိုရီးမင်းသားလေးလား ထင်မှတ်ရအောင် ယောကျာ်းပီသကာ ချောမောတာတွေကြောင့် ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ အသဲစွဲဖြစ်နေရတာဖြစ်ပါတယ်။သူဟာ ကျရာဇာတ်ရုပ်ကိုပီပီပြင် သရုပ်ဆောင်တက်တာကြောင့် အချိန်ခဏလေးတွင်းမှာတင် အောင်မြင်မှုရရှိကာ ပရိတ်သတ် အခိုင်အမာရရှိထားသူဖြစ်ပါတယ်။

သူဟာ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးနေတယ်လို့လည်းသိရပါတယ်။လတ်တလောမှာလည်း မြစ်ကြီးနားကိုရောက်ရှိနေတာဖြစ်ပြီးအမှတ်တရပုံရိပ်များကို လူမှုကွန်ရက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။မြစ်ဆုံမှာလည်း သာယာတဲ့သဘာဝရူ့ခင်းတွေနဲ့အပြိုင် လန်းနေတာကိုလည်းမြင်တွေ့ရပါတယ်။အမြဲစမတ်ကျနေတဲ့သူရဲ့ မြစ်ဆုံရောက်အမှတ်တရပုံရိပ်များမှာလည်း စတိုင်လ်ကျလန်းနေတာဖြစ်ပြီး မိန်းကလေးပရိတ်သတ်တွေ အချစ်ပိုစေမှာအမှန်ပဲဖြစ်ပါတယ်။ 

ဇေရဲထက်တစ်ယောက် မြစ်ကြီးနားကို သွားရောက်ခဲ့တဲ့ အမှတ်တရပုံရိပ်များကို ဖေ့ဘွတ်ပေါ်တွင် ဖော်ပြထားကာ ဧည့်ဝတ်ကျေပွန်တဲ့ မြစ်ကြီးနားကအစ်ကိုအစ်မများနဲ့ ရာဇဝင်ရိုင်းခဲ့သည်အဖွဲ့သားများကို ကျေးဇူးတင်ရှိကြောင်းလည်းဖော်ပြထားပါတယ်။ချစ်ပရိတ်သတ်ကြီးလည်းသူရဲ့ မြစ်ဆုံမှာ အရမ်းမိုက်နေတဲ့ ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။ဇေရဲထက်လည်း ဒီထက်မကအောင်မြင်မှုရရှိပါစေဆုတောင်းပေးလိုက်ပါတယ်။

Source:Ko Zay Ye Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။