Lady Boy တွေထဲမှာလည်း အမျိုးသမီးတွေအရှုံးပေးရလောက်အောင် ချောပလှပတဲ့ သူလေးတွေရှိတယ်ဆိုတာ သက်သေပြသွားခဲ့တဲ့သူလေးကတော့ မြန်မာနိုင်ငံ နာမည်ကြီးLady Boyတစ်ဦးဖြစ်တဲ့ မော်ဒယ်စစ်ပိုးအိမ်ပဲ ဖြစ်ပါတယ်။ရခိုင်တိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့ သူမကတော့ ဆွဲဆောင်မှုရှိတဲ့အပြုံးချိုချိုလေးနဲ့ လူမှုကွန်ယက်ပေါ်မှာ ရေပန်းစားလာခဲ့တဲ့ သူလေးပဲ ဖြစ်ပါတယ်။ပရိသတ်တွေစစတွေ့ချင်းမှာ မိန်းကလေးအစစ်တစ်ယောက်လားလို့တောင် ထင်ယောင်ထင်မှားဖြစ်ခဲ့ရတဲ့သူလေးပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အနုပညာခြေလှမ်းတွေစတင်လျောက်လှမ်းနေပြီဖြစ်ပြီ အလှမယ်ပွဲတွေ၊ ဓာတ်ပုံရိုက်ကူးမှုတွေမှာ မကြာခဏ မြင်တွေ့လာရပြီပဲ ဖြစ်ပါတယ်။ဒီနေ့မှာလည်း ပုရိသတို့ လည်ပြန်ကြည့်ရလောက်တဲ့ အနီတောက်တောက်ဖက်ရှင် အလှပုံရိပ်လေးတွေနဲ့ ပရိသတ်တွေအသဲကို ညို့ယူလိုက်ပြန်ပါတယ်။ကျမကနှင်းဆီမမောင်လို့ဆိုရလောက်အောင် အနီရဲရဲ နှင်းဆီပွင့်လေးတစ်ပွင့်လို လန်းဆန်းတက်ကြွပြီး ဆွဲဆောင်မှုရှိရှိလှနေတာပဲ ဖြစ်ပါတယ်။ 

DELICATE လို့ခေါင်းစဉ်ပေးထားတဲ့ သူမရဲ့ အလှတွေကတော့ နှင်းဆီပန်း အပွင့် 1000 သုံးပြီး ဖန်တီးထားတဲ့ ထူးခြားတဲ့ အလှလေးဖြစ်တယ်လို့သိရပါတယ်။တကယ့်ကို မိန်းကလေးအစစ်တွေလက်ဖျားခါလောက်အောင်ကို ဆွဲဆောင်မှုရှိရှိနဲ့ ရက်ရက်စက်စက်လှလွန်းနေတာပဲ ဖြစ်ပါတယ်။ပုရိသတိုင်းရင်ခုန်သွားစေမယ့် စစ်ပိုးအိမ်ရဲ့ နှင်းဆီးပန်းလေးလိုအလှပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။  

သတင်းအရင်းအမြစ် - စစ်ပိုးအိမ်

Photo - Khant Min Htin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။