Shawn Mendes ကတော့ အသက်(၁၉) နှစ်သာ ရှိသေးတဲ့ အဆိုတော် ကနေဒီယန် လူမျိုး အဆိုတော် ဖြစ်ပြီး1998 ခုနှစ် August, 8th ရက်နေ့ မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ 2013 ခုနှစေ်လာက် ကတည်းက Vine ဆိုတဲ့ application နဲ့ သူရဲ့ song covers တွေ သီဆိုရင်း ဂီတလောကမှာနာမည်ရလာခဲ့သူ ဖြစ်ပါတယ်။ guitar နဲ့piano တူရီယာ နှစ်မျိုးကို ကျွမ်းကျွမ်းကျင်ကျင်တီးခတ်တတ်ပြီး Pop၊ folk pop နဲ့ pop rock ဂီတ အမျိုးအစား (၃) မျိုးကို သီဆိုပါတယ်။

နုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော် ဖြစ်သလို 2018 ခုနှစ်မှာတော့ In My Blood ၊ Nervous ဆိုတဲ့ သီချင်း နှစ်ပုဒ် ထွက်ရှိထားပြီး In My Blood ဆိုတဲ့ အဆွေးသီချင်းလေးကတော့ ရည်းစားဟောင်း Hailey Baldwin နဲ့ လမ်းမခွဲခင် အေပရယ်လလောက်မှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ Hailey Baldwin ကတော့ အသက်(၂၁) နှစ်ရှိပြီဖြစ်တဲ့ အမေရိကန် မော်ဒယ်လ် ဖြစ်ပြီး အဖေဖြစ်သူ ဟောလီဝုဒ် ရုပ်ရှင် ထုတ်လုပ်သူ ၊ ပရိုဂျူဆာ Stephen Baldwin ရဲ့ တစ်ဦးတည်းသော သမီးဖြစ်လို့ နာမည်ကြီး လူသိများပါတယ်။

Shawn Mendes နဲ့ Baldwin တို့ဟာ 2017ခုနှစ် အောက်တိုဘာလ လောက်က စတင်တွဲခုတ်ခဲ့ကြပြီး Shawnရဲ့ ရည်းစားဦးကတော့Hailey လို့ ဆိုရမှာပါ။ 2018 ခုနှစ် မေလ လောက်မှာ Selena နဲ့ Justin ပြန်လည် လမ်းခွဲပြီး Justin အနေနဲ့ Hailey Baldwin ဘက်ကို ပြန်လည် ခြေလှမ်းလှည့်လာတဲ့အခါ Shawn နဲ့ Hailey တို့ရဲ့ တစ်နှစ်တာ အချစ်ရေးဟာလည်း ရုတ်တရက် လမ်းခွဲကာ ပြီးဆုံးသွားခဲ့ရပါတယ်။ 

Hailey ဟာ Shawnကို လမ်းခွဲခဲ့ပြီး Justin ပြန်လည် တွဲခဲ့သလို နှစ်လလေးအတွင်းမှာ Justin Bieber နဲ့ Hailey Baldwin တို့ရဲ့ စေ့စပ်ပွဲ ဖြစ်မြောက်သွားခဲ့ပါတယ်။အချိန်တိုလေးအတွင်း စေ့စပ်လိုက်တဲ့ ရည်းစားဟောင်းHailey စေ့စပ် သတင်းကို ကြားခဲ့တဲ့ အနေနဲ့ သူမ အပေါ် ငြိုငြင်စိတ် တစ်စုံတစ်ရာ မရှိသလို " when I heard about the engagement I called Hailey to congratulate her. That's it, I think a lot of people want there to be more than that but no, it's all " လို့ အင်တာဗျူး တစ်ခုမှာ ဖြေကြားခဲ့ပါတယ်။လက်ရှိမှာတော့ ဘယ်သူ ၊ ဘယ်မိန်းကလေးနဲ့ မှ တွဲခုတ်ခြင်း မရှိတဲ့ Single ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်နော်။

source: Shawn Mendes/ wiki & justjaredjr.com ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။