သရုပ်ဆောင်ဥက္ကာမင်းမောင်ဟာ ပြီးခဲ့တဲ့ဇူလိုင်လ (၂၂) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ “Taylor Swift's Reputation Stadium Tour” ရှိုးပွဲကြီးကို သွားရောက်အားပေးခဲ့တာ တွေ့ရပါတယ်..။

(၅၃)ပွဲဖျော်ဖြေမယ့် တေလာဆွစ်ရဲ့ ကမ္ဘာလှည့်ရှိုးပွဲကြီးရဲ့ (၅)ကြီမ်မြောက်ဖျော်ဖြေပွဲလေးကို သူငယ်ချင်းတွေအပြင် ညီမလေးနဲ့အတူ သူအရမ်းသဘောကျရတဲ့တေလာဆွစ်ရဲ့ရှိုးပွဲကို သွားရောက်ကြည့်ရှု့အားပေးခဲ့ရလို့ ဥက္ကာမင်းမောင်တစ်ယောက်ကတော့ အပျော်ကြီးပျော်နေမယ်ဆိုတာ အသေအချာပါပဲ..။

တေလာဆွစ်ရဲ့ဖျော်ဖြေရှိုးပွဲကြီးကို ညီမလေးအတွက် မွေးနေ့လက်ောဆင်ပေးတဲ့အနေနဲ့ အတူ သွားကြည့်ခဲ့ကြတာဖြစ်ပြီး အရမ်းပျော်နေတဲ့အကြောင်းလေးနဲ့ အမှတ်တရဓာတ်ဖမ်းခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

“တဦးတည်းသော ညီမလေးအတွက် မွေးနေ့လက်ဆောင်အဖြစ် သူရော ကိုယ်ရော ကြိုက်တဲ့ Taylor Swift concert ticket ကို စင်နဲ့ အနီးဆုံးနေရာရအောင်ဝယ်ပြီး မွေးနေ့လက်ဆောင်ပေးခဲ့တယ်.. ရတဲ့ခုံနေရာက အရှေ့က main stage နဲ့လဲ နီးတယ်.. အနောက် က stage နဲ့လည်းနီးတယ်.. Taylor Swift က စင်တစ်ခုနဲ့တစ်ခုကို မိုးပေါ်ကနေ ကူးတယ်.. ပွဲနေ့မှာ မိုးတွေလဲ ရွာ..မိုးရွာလဲ ပွဲမဖျက်ဘူး.. Taylor က မိုးရေထဲ ဆက်ဆိုတယ်.. ပွဲကြီးကခမ်းနားကြီးကျယ်လိုက်တာ..ကြည့်ရတာ တန်တယ်.. ၂ ယောက်သား အရှေ့ပြေးလိုက်အနောက်ပြေးလိုက်.. ယောက်ယက်တွေခတ်.. နေရာတွေ ကျော်ပြီး ကြည့်ကြတာပဲ..” ဆိုပြီး အမှတ်တရညလေးအကြောင်း ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

တေလာဆွစ်ကို နီးနိးကပ်ကပ်တွေ့ခဲ့ရပြီး..Speak Now Tourကစပြီး Red Tour, 1989 tour, အခု Reputation Tour ထိ တပွဲမှမလွတ်သေးပဲ အမာခံပရိသတ်တွေအဖြစ်အားပေးခဲ့ကြတဲ့ သူတို့မောင်နှမ၂ ယောက်လုံး အသံဝင်တဲ့အထိအော်ပြီး အားပေးခဲ့ကြတယ်လို့ ဆိုပါတယ်..။

သူ့ရဲ့အမှတ်တရညလေးအကြောင်း ပြောပြရင်း တေလာဆွစ်နဲ့အတူ selfie တစ်ပုံလောက်ရိုက်ခွင့်ရခဲ့ရင် မေ့များလဲသွားမလားမသိဘူးဆိုပြီးတော့လည်း ရေးသားထားပါသေးတယ်..။

Photo - ဥက္ကာမင်းမောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။