အငှားယာဉ်မောင်းကိုနေဝင်း၏ ကျန်ရစ်သူမိသားစုထံ သွားရောက်တွေ့ဆုံနှစ်သိမ့်အားပေးခဲ့သည့် လူမင်းတို့ဇနီးမောင်နှံ

တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုတွင် တရားခံဖြစ်သူကို အသက်ပေးဖမ်းဆီးပေးနိုင်ခဲ့သော အငှားယာဉ်မောင်း ကိုနေဝင်း၏ ကျန်ရစ်သူမိသားစုထံသို့ အကယ်ဒမီလူမင်းနှင့် ဇနီးဟာ သွားရောက်တွေ့ဆုံကာ နှစ်သိမ့်အားပေးစကား ပြောခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် လူမင်းတို့ဇနီးမောင်နှံဟာ သေဆုံးသွားသူ အငှားယာဉ်မောင်းကိုနေဝင်း၏ သမီးမပြည့်ပြည့်၏ ပညာရေးစရိတ်ကို တာဝန်ယူပေးမယ်လို့လည်း သိရပါတယ်။ သမီး မပြည့်ပြည့် မကြာခင်ဖြေဆိုရတောမည့် ဒသမကျောင်းသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

"ဒီနှစ်၁ဝတန်းဖြေမယ့် ကိုနေဝင်းရဲ့သမီးငယ် ပြည့်ပြည့်ရဲ့ပညာရေးစရိတ်ကိုတာဝန်ယူရင်း သမီးငယ်ကိုအားမငယ်စေဖို့ အားပေးနှစ်သိမ့်" ဆိုတဲ့ စာသားလေးနဲ့အတူ ဓာတ်ပုံအချို့ကို ဧရာဝတီလူမင်း ရဲ့လူမှုကွန်ယက်ပေါ်မှာ တင်ထားခဲ့တာ တွေ့ရပါတယ်…

Source: Arrawady Lu Min

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။