ပရိသတ်ကြီးရေ ကိုရီးယားမင်းသမီးချောလေးတွေလို ဖြူဖွေးပြီးချစ်စရာကောင်းတဲ့သူလေးတွေကတော့ မော်ဒယ်မင်းသမီးလေး အဲလစ်နဲ့ မိတ်ကပ်ပညာရှင်လေး ဟန်နယူရီတို့ပဲ ဖြစ်ပါတယ်။ သူမတို့၂ယောက်က ကိုယ်စီပန်းနုရောင်သန်းနေတဲ့ မျက်နှာလေးတွေနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေကြသူလေးတွေပဲ ဖြစ်ကြပါတယ်။ လတ်တလောမှာ သူမတို့၂ယောက်ရဲ့ တွေ့ဆုံနေတဲ့ ပုံရိပ်လေးတွေကို Facebook မှာ တင်ထားကြတာ တွေ့ရပါတယ်။

Alice တို့၂ယောက်က အရမ်းချစ်ကြတဲ့ သူငယ်ချင်းလေးတွေဖြစ်ကြသလို အတူစား၊အတူသွားလာ နေကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ Alice က "ကိုယ့်မှာရှိသမျှအချစ်တွေနဲ့အကုန်ပေးဆပ်ပြီးချစ်ဖို့ထိုက်တန်သူလေးပါ " ဆိုပြီး ပုံလေးတွေတင်ထားသလို ယူရီလေးကလည်း သူငယ်ချင်း Alice နဲ့ပုံလေးတွေကို တင်ထားတာပါတယ်။ လတ်တလောမှာ သူမတို့ ၂ယောက်က Shooting လေးတစ်ခုကို အတူရိုက်ကူးနေကြတာ တွေ့ရပါတယ်။

ဂျပန်နဲ့မြန်မာပေါင်းကူး business ချစ်ကြည်ရေးအတွက် ရိုက်ကူးတဲ့ Japan-Myanmar bridge event ကို ချစ်စရာကောင်းတဲ့ သူမတို့၂ယောက်နဲ့အတူ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ Mamakari ငါးကလေးတွေကို မိတ်ဆက်တဲ့ပွဲလေးလည်း ဖြစ်ပြီး သူမတို့အတူတူ ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အစားတလိုင်းလေးတွေအဖြစ် ရိုက်ကူးနေကြတဲ့ နတ်မိမယ်လေး၂ယောက်ရဲ့ ရိုက်ကူးရေးပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Hanna Yuri & Alice Ong ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။