မကြာခင်မှာ မင်္ဂလာဆောင်တော့မယ့် သဥ္စာနွယ်ဝင်းနဲ့ 7 days သတင်းဌာနရဲ့ အင်တာဗျူးထဲက တစ်ချို့သောအထြေလေးတွေကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

" ညီမရဲ့ ခင်ပွန်းလောင်းနဲ့ စတွေ့တဲ့အချိန်မှာ ညီမကသူ့ရဲ့ စိတ်နေစိတ်ထားကိုလည်း သဘောကျတယ်။ သူကလည်း ညီမစိတ် နေစိတ်ထားကို သဘောကျတယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်လေ့လာတယ်။ တစ်ယောက်နဲ့ တစ်ယောက်ချစ်တယ်။ နောက်ပြီး သူကလည်း တရုတ်လူမျိုးဖြစ်တယ်။ ညီမကလည်း တရုတ်လူမျိုး ဖြစ်တယ်။ လူမျိုးချင်းတူတဲ့အတွက်လည်း အမြန်လက်ထပ်ဖြစ်သွားတာပါ။ အဓိကကတော့ လုံခြုံမှုရှိတယ်လို့ ခံစားရတယ်။ အဲဒီ အတွက်ပါ။ ကျန်တာ ဘာမှမပါပါဘူး။ " 

" သဥ္ဇာအနုပညာစလုပ်ကတည်းက အဖေနဲ့အမေက ပြော ထားတယ်။ အဖေကတရုတ်လူမျိုးဆိုတော့ သူကအိမ်ထောင်ကျသွားရင်တော့ အနုပညာအလုပ်ကို ဆက်မလုပ်စေချင်ဘူး။ ဒီအလုပ်စလုပ်ကတည်းက ၀ါသနာပါရင်တော့လုပ်၊ အိမ်ထောင်ကျသွားရင်တော့ အနုပညာအလုပ်ကို နားပေးရမယ်လို့ ပြောခဲ့တယ်။အဲဒီအတွက် သဥ္ဇာအိမ်ထောင်ပြုမယ်ဆိုရင်တော့ အနုပညာအလုပ်ကို နားပေးရမယ်ဆိုတာ သိထားပြီးသားပါ။ "

" ခုနစ်နီးပါးလောက် လုပ်ခဲ့တဲ့ အလုပ်တစ်ခု၊ ကိုယ်လည်း ၀ါသနာပါတဲ့ အလုပ်တစ်ခုကို ရပ်လိုက်ရတော့ ကိုယ့်ဝါသနာအရ ရိုက်ချင်တဲ့စိတ်တော့ရှိတာပေါ့။ ဒါပေမဲ့ကိုယ်ကလည်း အိမ်ထောင်ပြုပြီးရင် မလုပ်ရတော့ဘူးဆိုတာ သိတဲ့အတွက် ကိုယ့်စိတ်ကိုပဲ ပြန်ထိန်းရတာပေါ့။ သဥ္ဇာဒီအလုပ်ကို အရမ်းဝါသနာပါတယ်။ အဲဒီလိုဆိုတော့ အနုပညာအလုပ်လုပ်တဲ့အချိန်အတွင်းမှာ တစ်ရက်ဖြတ်သန်းရတာ ကို တစ်ရက်ကျေနပ်တယ်။ အရမ်းစိတ်ချမ်းသာတယ်။ ကိုယ်ဝါသနာ ပါတဲ့ အလုပ်တစ်ခုကို ပရော်ဖက်ရှင်နယ်အနေနဲ့ ရပ်တည်ခွင့်ရခဲ့တဲ့အတွက်လည်း ပရိသတ်တွေကိုကျေးဇူးတင်တယ်။ " 

" သဥ္ဇာအပေါ်မှာ အရမ်းနားလည်မှုရှိတယ်။ အရမ်းလည်း ကောင်းတယ်။ နှစ်ဖက်မိဘတွေကလည်း အရမ်းကြည်ဖြူတယ်။ သဥ္ဇာလည်းစိတ်ချမ်းသာတယ်။ ပရိသတ်တွေ စိတ်ပူစရာမလိုတဲ့လူတစ်ယောက်ဆိုတော့ သဥ္ဇာအတွက် ပျော်ပေးမယ်လို့ မျှော်လင့်ပါတယ်။ "

Source : 7 days Interview

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။