ဘာစီလိုုနာ အသင်းသည် စပိန်ကုုိပါဖလား ဆီမီးဖုုိင်နယ် ပ-ကျော့ ပွဲစဉ်အဖြစ် အက်သလက်တီကုုိမက်ဒရစ် အိမ်ကွင်းတွင် သွားရောက် ကစားခဲ့ရာ (၁-၂) ရလာဒ်ဖြင့် အနုုိင်ရရှိခဲ့သည်။ အဝေးကွင်းတွင် အနုုိင်ရရှိခဲ့ခြင်းကြောင့် ဘာစီလိုုနာ အတွက် ဖုုိင်နယ်အဆင့်သုုိ့ တက်ရောက်ရေးမှာ ပြိုင်ဘက် အက်သလက်တီကုုိမက်ဒရစ် အတွက် ခြေတစ်လှမ်းသာ သွားခဲ့ပြီ ဖြစ်သည်။

ဘာစီလိုုနာအတွက် တုုိက်စစ်မှုး ဆွာရက်ဇ်နှင့် မက်ဆီတုုိ့က သွင်းယူ ပေးခဲ့ပြီး၊ အိမ်ရှင်အတွက် ချေပဂုုိးကုုိ တုုိက်စစ်မှုး ဂရစ်ဇ်မန်းက သွင်းယူပေး သွားခဲ့သည်။ အက်သလက်တီကုုိမက်ဒရစ် အသင်းအနေဖြင့် အိမ်ကွင်း၌ အရှုံးရလာဒ်ဖြင့် ရင်ဆုုိင်ခဲ့ရခြင်းကြောင့် ဖုုိင်နယ် အဆင့်သုုိ့ တက်ရောက်နုုိင်ရေးမှာ နူးကမ့်တွင် ရုုန်းကန်ရတော့မည် ဖြစ်သည်။

#AZL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။