အစ္စဏီ နဲ့ စူးရှထက်တို့ရဲ့ အမှုကို ဒီနေ့ ၇ လပိုင်း ၂၀ ရက်နေ့မှာ ရုံးပြောင်းကိစ္စအတွက် ရုံးချိန်းကို အရှေ့ပိုင်ခရိုင်တရားရုံးမှာ စတင်ကြားနာကြောင်း သိရပါတယ် ။ ဒီတရားခွင်အတွက် အစ္စဏီရော စူးရှထက်ပါ လာစရာမလိုဘူးလို့ သိရပါတယ်။ အမှုနဲ့ပတ်သတ်တဲ့အကြောင်းကို စစ်တာမဟုတ်ပဲ ရုံးပြောင်းကိစ္စတစ်ခုတည်းသာ ကြားနာရမှာဖြစ်တဲ့အတွက် နှစ်ဖက်ရှေ့နေတွေက လျောက်လဲချက်ပေးရုံပါပဲ။ တရားပြိုင်ရှေ့နေ ဦးကျော်ဇင်ဦးက အစ္စဏီအတွက် တစ်ခါတည်း လျောက်လဲချက် ပေးခဲ့ပါတယ် ။ ရုံးပြောင်းချင်ပါတယ်လို့ လျောက်ထားခဲ့တဲ့ တရားလိုရှေ့နေ ရောဘတ်စန်းအောင်ကတော့ ရောက်ရှိလာချင်းမရှိလို့ တရားလိုဖက်ကလျောက်လွှဲချက်ကို ပေးသွားခြင်းမရှိပါဘူးလို့ ဆိုပါတယ်။ ဒါကြောင့်နောက်ရုံးချိန်းကို နောက်၂ပတ်အကြာ ၈လပိုင်း ၃ ရက် နေ့ကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

ဒီလို တရားလို ဘက်ကနေအကြိမ်ကြိမ်ပျက်ကွက်နေတာတွေကို ထပ်မံထောက်ပြလိုက်တာ ကတော့ အစ္စဏီ့အကို ကျော်စွာပါ ။သူက တော့ " ဒီတော့ စွပ်စွဲခံရသူဖက်က ဘာနစ်နာမှုရှိလဲဆိုတော့ အမှုမစစ်ရပဲ ထောင်ထဲမှာ နောက်ထပ် ၁၄ ရက် ဒီတိုင်းဆက်စောင့်နေရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ ။ ဒီ ရုံးပြောင်းကိစ္စ ရုံးချိန်ရက်တွေ ကြာနေသလောက်ကြာပါစေ စွပ်စွဲခံရသူက ထောင်ထဲကစောင့်နေရမယ်ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်တဲ့ ဥပဒေတွေဟာ စွပ်စွဲခံရသူဖက်က ရသင့်ရထိုက်တဲ့ ဥပဒေအကာအကွယ်တွေ ဘယ်မှာလဲဆိုတာ မေးခွန်းထုတ်စရာပါပဲ။ ကျနော်တို့ မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်နေတဲ့အတွက် နိုင်ငံသားတိုင်း ရပိုင်ခွင့်ရှိသည်ဆိုတဲ့ တရားမျှတတဲ့ ဥပဒေအကာအကွယ်တွေကို လိုအပ်နေပါတယ်" လို့ ပြောခဲ့တာပါ

ဆက်လက်ပြီး ကျော်စွာက ယခုလက်ရှိအချိန်ထိ ဟန်ထွန်း အင်းစိန်ထောင်မှာ အဖမ်းခံထားရတာ ၃ လကျော်ရှိပါပြီ ။ ဇာခြည်ကိုစစ်တဲ့ ၃ ချိန်းပဲစစ်ရပါသေးတယ်။ နောက်မှာဆက်လက်စစ်ဆေးဖို့ တရားလိုသက်သေ ၁၀ ယောက်ကျန်ပါသေးတယ် ။ ပုံမှန်အားဖြင့် တစ်ပတ်ကို တစ်ချိန်းနဲ့ပဲ တွက်ကြည့်ပါ။ အဲ့ဒိ့တော့ အမှုမှန်မပေါ်မချင်း ဘယ်လောက်ထိ ထောင်ထဲမှာ ဆက်နေရဦးမလဲဆိုတာ စဉ်းစားကြည့်ပါ ဆိုပြီး လက်ရှိအနေအထားကို ကျော်စွာက ပြောပြသွားခဲ့ပါတယ် ။ပရိသတ်ကြီး ရေ ကိုကျော်စွာပြောပြခဲ့သလို မြန်မာနိုင်ငံက ဥပဒေတွေက တကယ်မေးခွန်းထုတ်စရာဖြစ်နေလားဆိုတာ မှတ်ချက်မှာ ပြောပြပေးခဲ့ကြပါနော်။ 

Source - Kyaw Swar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။