လက်ရှိမှာတော့ လူမှုကွန်ယက်တစ်ခွင်မှာ ရုံမတင်ရသေးတဲ့ရုပ်ရှင်ဇာတ်ကားတွေ ဗီဒီယိုဇာတ်ကားတွေ တရားမဝင်ပြန်နှံ့နေတာကို မြင်တွေ့နေရပါတယ်။လက်ရှိမှာလည်း ပရိသတ်အချစ်တော်မင်းသားချော ဇေရဲထက်ကလည်း ရုပ်ရှင်ဇာတ်ကားတွေ တရားမဝင်အွန်လိုင်းပေါ်ဖြန့်သူတွေကြောင့်အရမ်းကို ဒေါပွနေကြပါတယ်။ဇေရဲထက်ရိုက်ကူးထားတဲ့ ယခုနှစ်အတွင်းအသစ်ထွက်ရှိထားတဲ့ ဇာတ်ကားတစ်ခုဟာလည်း အွန်းလိုင်းပေါ်မှာ တရားမဝင်တင်တဲ့သူတွေရှိနေတာကြောင့်အခုလိုဒေါပွနေရတာပဲ ဖြစ်ပါတယ်။ 

ဇေရဲထက်ကတော့ ပေါက်ကွဲသံစဉ်တွေပါတဲ့ ရင်တွင်းခံစားချက်တစ်ချို့ကိုလည်း လူမှုကွန်ယက်မှာရေးသားခဲ့ပါတယ်။ဇေရဲထက်ရဲ့ လူမှုကွန်ယက်မှာတော့ "မြန်မာလူမျိုးအချင်းချင်းမလုပ် ရက်ဘူဗျာ။အခုလိုလုပ်တော့။ မြန်မာ့ဖျော်ဖြေရေးလုပ်ငန်းတွေမှာ ကောင်းကောင်းမွန်မွန်ချမပြရတော့ပဲ ပျောက်ကွယ်မှာ။ ရုပ်ရှင်တခါကြည့် ဘယ်လောက်ကုန်မလည်။ videoတခါကြည့် တမိသားစုလုံးကြည့်မှ ၅၀၀ထက်ပိုမှာလာ။

ပရိုဂျူဆာတွေကလည်း ပြည်သူတွေကို သနားပေမယ့် videoရိုတ်တာနဲ့အခုလိုဖြစ်ရှုံးတော့ နောက်ဆုံး videoပျောက် ရုပ်ရှင်ပဲရှိ ရုပိရှင်ကိုသွားကြညါ့ရင်ပိုပြီးအကုန်အကျများမယ် မလား။ မလုပ်ကြပါနဲ့ဗျာ ကိုယ်ချင်းစားကြည့်ကြပါ"ဆိုတဲ့ခံစားချက်စာသားတစ်ချို့ရေးသားထားတာကို မြင်တွေ့ရပါတယ်။အွန်လိုင်းပေါ်ကတော့ ဘယ်လိုရည်ရွှယ်ချက်မျိုးနဲ့ မသိလောက်အောင်ကို ရုပ်ရှင်ဇာတ်ကားတွေ တရားမဝင်တင်နေကြတာဖြစ်ပါတယ်။ဒီလိုလုပ်ရက်မျိုးတွေဟာ ရုပ်ရှင်လောကသားတွေအတွက် တကယ့်ကိုစိတ်မကောင်းဖြစ်ဖွယ် လုပ်ရက်မျိုးတွေဖြစ်ပြီး နောက်ပိုင်းမှာတော့ ရုပ်ရှင်အစည်းအရုံးနဲ့သက်ဆိုင်သူများမှ ထိထိရောက်ရောက် အရေးယူသွားကြလိမ့်မယ်လို့ ယူဆရပါတယ်။

သတင်းအရင်းအမြစ် - ဇေရဲထက် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။