ပရဟိတအလုပ်တွေရဲ့ နာမည်ကြီး အနုပညာရှင်တွေထဲမှာ ထိပ်တန်းစာရင်းဝင်သူတစ်ဦးဖြစ်တဲ့ ဦးကျော်သူကိုအားလုံးသိမယ်ထင်ပါတယ်။ ပြည်တွင်း တိုင်းဒေသ၊ မြို့၊ ရွာများစွာရဲ့ လိုအပ်ချက်များစွာကို လိုက်လံ လုပ်ဆောင်နေသူတစ်ဦးဖြစ်ပြီး အနုပညာအလုပ်တွေမှာလည်း ဝါရင့်သရုပ်ဆောင်တစ်ဦးအဖြစ် လုပ်ကိုင်နေသူတစ်ဦးပဲဖြစ်ပါတယ်။  

လက်ရှိ ပရဟိတကျော်သူနာမည်ဖြင့် လုပ်စားနေတဲ့ သူတစ်ယောက်ထွက်ပေါ်နေပြီး ဦးကျော်သူရဲ့ ဂုဏ်ကို ထိခိုက်မှုများစွာဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဖြစ်ပေါ်မှုနှင့်ပတ်သက်ပြီး ဦးကျော်သူကတော့ ချစ်ပရိသတ်တွေကြား တရားဝင် ရှင်းလင်းပြောပြထားတာတွေ့ရပါတယ်။  

အဆိုပါ ဦးကျော်သူရဲ့ စာသားလေးကတော့

"သတိ!

ပရဟိတအမည်ခံ

လူလိမ်တစ်ယောက်

ကျော်သူ အမည်အသုံးချ၍

ပြည်မြို့ မှာလှုပ်ရှားနေပြီ။

ထိုလူသည် ကိုယ်ကျင့်သီလဖေါက်ဖျက်သူဖြစ်သောကြောင့် ကျော်သူနှင့်လုံးဝမပါတ်သက်သလို နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်ပါတ်သက်ခြင်းမရှိတော့ပါ။(ကျော်သူနှင့် နာကူ ရန်ကုန်အသင်း)" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ ဂုဏ်သိက္ခာထိပါးလာတဲ့ နာမည်ခံ လူလိမ်တစ်ယောက်ကြောင်းကို ကြိုတင်သတိပေးလိုက်တဲ့ ဦးကျော်သူရဲ့ စာသားလေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Kyaw Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။