" Tell Me You love me " , "Heart Attack" နဲ့ "Échame la Culpa " ကဲ့သို့သော အမိုက်စားသီချင်းတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို နေရာယူထားနိုင်တဲ့ ကမ္ဘာကျော် အဆိုတော် Demi Lovato ဟာ စိတ်မကောင်းစွာနဲ့ပဲ TMZ report သတင်းအရ ဇူလှိုင်လ(၂၄) ရက်နေ့က Hollywood Hillsက အိမ်တစ်အိမ် မှာ heroin ခေါ် (ဘိန်းဖြူ) သုံးစွဲရင်း Overdosed ဖြစ်ကာ ရှောခ့် ဖြစ် သွား ခဲ့ပါတယ်။ Los Angeles က ဆေးရုံတစ်ခုကို အရေးပေါ် အခြေအနေနဲ့ တင်ပို့ ခဲ့ ရပြီး သူမရဲ့ နောက်ဆုံး ကျန်းမာရေး အခြေအနေကိုတောင် အတတ် မပြောနိုင်တဲ့ အနေအထားတစ်ခုကို ရောက်ရှိခဲ့ပါတယ်။

ဒီသတင်းကို ကြားကြားချင်း ဂီတလောက က Demi ကို ချစ်ကြတဲ့ ဂီတသိုင်းအဝိုင်း မိတ်ဖက်သူငယ်ချင်းတွေ ဖြစ်ကြတဲ့ Ellen DeGeneres, Ariana Grande, Brad Paisley ,Lady Gagaနဲ့ Shawn Mendes တို့ အားလုံးက We Love You ဆိုပြီး ဆုတောင်းစကားတွေ ဆိုခဲ့ကြသလို Demi ချစ်သူဟောင်း ဖြစ်တဲ့ Wilmer Valderrama ကလည်း သူမကို မဆုံးရှုံးနိုင်ကြောင်း ဆိုခဲ့ပါသေးတယ်။

ထို့အတူ အသက်(၁၆) နှစ်လောက် ကတည်းက Demi နဲ့Selena Gomez တို့ဟာ ခင်မင်မှုတွေ ရှိခဲ့ကြသလို ဒီနေ့ ၊ဒီလို သတင်းမျိုးကြားချိန်မှာတော့ Selena Gomez ကော Selenaရဲ့အမေဖြစ်သူ Mandy Teefey ပါ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ Selenaရဲ့အမေဖြစ်သူ Mandy Teefey ဟာ Demi အတွက် Instagram ကနေ ဆုတောင်းစကားတွေ ဆိုခဲ့သလို Selena Gomez ကိုယ်တိုင်ကလည်း သူငယ်ချင်းဖြစ်သူ Demi ကိုဆေးရုံထိ သွားရောက် ကြည်ရှူ့ခဲ့ပါတယ်။ Demi Lovato ဟာ လက်ရှိမှာတော့ အသက်ဘေး အန္တာရာယ်ကနေ ကင်းလွတ်လို့ နိုးထလာပြီးဖြစ်ပြီး လူကောင်းအတိုင်းပြန်ဖြစ်ဖို့တော့ အချိန်အတော်လေး ပေးရဦးမယ် ဖြစ်ပါတယ်။

source: http://www.justjaredjr.com ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။