Gross National Happiness Commission

“အမျိုးသားပျော်ရွှင်မှုဆိုင်ရာကော်မရှင်” လို့အမည်ရတဲ့ ဌာနမှာ ဘူတန်နိုင်ငံမှာ တည်ရှိတာပဲဖြစ်ပါတယ်။ ဘူတန်နိုင်ငံရဲ့ဘုရင်ဟာ ၁၉၇၂ခုနှစ်မှာ နိုင်ငံအတွင်း အမျိုးသားပျော်ရွှင်မှုဆိုင်ရာ အညွှန်းကိန်းတို့ကို သတ်မှတ်ဖန်တီးခဲ့ပီး အဲ့ဒီ အညွှန်းကိန်းတွေ တိုးတက်လာအောင်လည်း လုပ်ဆောင်ရပါတယ်။ ၂၀၀၈ ခုနှစ်အရောက်မှာတော့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အတွက် Gross National Happines Commission ကိုတည်ထောင်ခဲ့ပီး အတွင်းရေးမှူးတစ်ဦးကို ဦးဆောင်လုပ်ကိုင်စေခဲ့ပါတယ်။ 

Ministry of Yoga

အိန္ဒိယနိုင်ငံမှာရှိတဲ့ အစိုးရဌာနဖြစ်ပီး ၂၀၁၄ခုနှစ်မှာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ကတည်ထောင်ပေးခဲ့တာဖြစ်ပါတယ်။ဒီအဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကတော့ အိန္ဒိယရိုးရာဆေးပညာနဲ့ယောဂကျင့်စဉ် ကိုမြှင့်တင်ပေးဖို့ပဲဖြစ်ပါတယ်။ Ministry of Yoga ရဲ့ဝန်ကြီးအဖြစ် အိန္ဒိယနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ခရီးသွားဝန်ကြီးShirpad Naik အားခန့်အပ်ခဲ့ပါတယ်။ အဆိုပါဌာနအနေနဲ့ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးယောဂနေ့အခမ်းအနားကိုလည်းကျင်းပခဲ့ပီး ကျောင်းသားတွေ၊ပြည်သူတွေနဲ့ ၊ ၀န်ထမ်းတွေပါ၀င်ခဲ့ကြပါတယ်။

Propaganda and Agitation Department

ဒီဌာနကတော့ မြောက်ကိုရီးယားနိုင်ငံမှာတည်ရှိပီး “၀ါဒဖြန့်ချီခြင်းနဲ့စိုးရိမ်ကြောင့်ကြခြင်းဌာန” လို့အဓိပ္ပါယ်ရပါတယ်။ အဆိုပါဌာနကိုတော့ ကွယ်လွန်သွားပီဖြစ်တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလက်ထက်မှယ စတင်ဖွဲ့စည်းခဲ့ပါတယ်။အဲဒီဌာနဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်တာတွေနဲ့လည်း ဆင်တူတယ်လို့ဆိုပါတယ်။ ၂၀၁၅ခုနှစ်မှာတော့ ကင်ဂျံုအန်ကတော့ သူရဲ့ညီမဖြစ်သူ ကင်ယိုဂျံူးကို ထိုဌာနရဲ့ အကြီးအကဲအဖြစ်ခန့်အပ်ထားပါတယ်။ 

Source : Wow Box

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။