ဟာသသရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ နာမည်ကျော် ဟာသလူရွှင်တော်တစ်ယော က်ဖြစ် တဲ့ ဒိန်းဒေါင်ကို ပရိသတ်ကြီး သိပြီးဖြစ်မှာပါနော် ။

သူ့ရဲ့သမီးဖြစ်သူ ဒိန်းပိုပိုဒေါင် ခေါ် မြတ်နိုးဦး သေဆုံးသွားပြီဆိုတဲ့ ကောလဟာလတွေ ဟာ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့လို့နေပါတယ်

ပရိသတ်တွေစိတ်အဝင်စားဆုံး သတင်းဖြစ်နေပေမယ့် ကောလဟာလလား အမှန်တကယ် လားဆိုတာကိုတော့ အခုထိမသိရသေးပါဘူး ။ ဇူလိုင်လ ၂၅ရက်နေ့က ဒီသတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပြီး ဒိန်းဒေါင်တို့မိသားစုကတော့ ခုချိန် ထိ အတည်မပြုသေးဘူးလို့လည်း သိရပါတယ် ။ ဒိန်းဒေါင်က သူ့သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်ကို မကြာသေးမီကမှ လူမှုရေး ငွေးကြေးအရှုပ်ရှင်းကိစ္စတွေကြောင့် အမွေပြတ်စွန့်လွှတ်ခဲ့တဲ့သတင်းဟာလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါသေးတယ် ။

ဒါပေမယ့် ဘယ်သတင်းမီဒီယာကမှ အတည်ပြုထားခြင်းမရှိသေးတဲ့အတွက် ကောလဟာလ လို့ဘဲယူဆလို့ရပါတယ် ။ တကယ်ဟုတ်မဟုတ်ကတော့ မိသားစုဘက်က အတည်လင်း အတည်ပြုမှသာ သတင်းအမှန်လို့မှတ်ယူရမှာပါ ။ စိုးရိမ်နေတဲ့ ပရိသတ်ကြီးရော သတင်းအမှန်သိချင်နေတဲ့ပရိသတ်ကြီးလည်း ကောလဟာလ ဟုတ်မဟုတ် စောင့်ကြည့်ကြပါဦးနော် ။

Source : Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။