မင်းသမီးချောလေးဝတ်မှုံရွှေရည်ကတော့ မကြာခင်ကျရောက်တော့မယ့် သူမရဲ့မွေးနေ့လေးအတွက် မွေးနေ့အလှူလေးအဖြစ် သံဃာေတော်တွေကိုလှူဒါန်းကုသိုလ်ယူမှုလေးတွေ ပြုလုပ်ခဲ့ပါတယ်..။

ယနေ့ဇူလိုင်လ(၂၆)ရက်နေ့လေးမှာပဲ သူမရဲ့မိသားစုနဲ့အတူ မွန်ကျောင်းမှာ ဝါဆိုသင်္ကန်းကပ်ပြီး သံဃာတော်များကို နေ့ဆွမ်းအလှူနဲ့ နဝကမ္မအလှူငွေများလည်း ကပ်လှူပူဇော်ခဲ့တာ ဖြစ်ပါတယ်..။

မွေးနေ့လေးမရောက်သေးပေမယ့်လည်း ဝါမဝင်ခင်အလှူလေးပြုလုပ်ချင်တာမို့ မိသားစုနဲ့အတူ အခုလို မွေးနေ့အကြိုအလှူလေး ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ရွှေကစ်က ပြောပြထားပါသေးတယ်..။

မွေးနေ့အကြိုအလှူပုံရိပ်လေးတွေကိုတော့ ရွှေကစ်က သူမရဲ့ချစ်တဲ့ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက်လည်း ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

“ဝါမဝင်ခင် အလှူလေးလှုပ်ချင်တာရယ်ကြောင့် မွန်ကျောင်းမှာ မိသားစုနဲ့ ဝါဆိုသင်္ကန်း/ ဆွမ်း / နဝကမ္မ ကပ်လှူခဲ့ပါတယ်။

မွေးနေ့အကြို အလှူလေးပေါ့..” ဆိုပြီး ကြည်နူးပျော်ရွှင်အေးချမ်းစွာကုသိုလ်ယူခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားတာမို့ ပရိသတ်တွေကလည်း သာဓုခေါ်ဆုတောင်းစကားလေးတွေ ပြောထားကြတာလည်း တွေ့ရပါတယ်..။

မကြာခဏလှူဒါန်းကုသိုလ်ယူလေ့ရှိတဲ့ ရွှေကစ်လေးကတော့ အောင်မြင်နေတဲ့ မင်းသမီးချောတစ်ယောက်ဖြစ်သလို သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း မနက်ဖြန်ဇူလိုင်လ(၂၇)ရက်နေ့မှာ စတင်ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်..။

Photo - ဝတ်မှုံရွှေရည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။