ချစ်စရာကောင်းတဲ့ ဟာသအမူအရာလေးတွေ ဖန်တီးတတ်တဲ့ ဟာသမင်းသမီးလေး ဖြူဖြူထွေးကိုတော့ ပရိသတ်တွေအားလုံးက သဘောကျအားပေးကြမယ် ထင်ပါတယ်။ အမြဲလိုလို ဟာသ၊ အက ဗီဒီယိုလေးတွေနဲ့ ပျော်စေတတ်တဲ့ သူမက ရုပ်ရှင်မင်းသမီးလေး အဖြစ်လည်း ဇာတ်ကားတွေ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ Facebook ကနေ စတင်နာမည်ကြီးခဲ့တဲ့သူမက အခုဆိုရင် ပရိသတ်များစွာ ပိုင်ဆိုင်ထားပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေသူလေး ဖြစ်ပါတယ်။

လတ်တလောမှာ သူမက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရိုက်ကူးပြီး SkyNet ရုပ်သံမှာ ပြသမယ့် ပညာပေးဇာတ်လမ်းလေး ဖြစ်တဲ့ "မညှိုးသော ပန်းတပွင့်"ဖြစ်ရပ်မှန် ဇာတ်လမ်းတွဲမှာလည်း ပါဝင်ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမက ကြော်ငြာတွေလည်း ရိုက်ကူးနေရပြီး မင်းသားစစ်နိုင်နဲ့အတူ "ဒီပွဲကြမ်းမယ်" ဗီဒီယိုဇာတ်ကားမှာလည်း မင်းသမီးအဖြစ် ပါဝင်ရိုက်ကူးထားပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ ဟန်ဆောင်မှုကင်းတဲ့သူမကို အားလုံးက အားပေးချစ်ခင်ကြပါတယ်။

အခုလည်း ဖြူဖြူထွေးက သူမရဲ့ Tik Tok ကစားထားတဲ့ အကဗီဒီယိုလေးကို facebook မှာတင်ခဲ့ရာ ပရိသတ်ကြည့်ရှုမှု များစွာရရှိခဲ့ပါတယ်။ ဒီဗီဒီယိုလေးမှာ သူမက စည်းချက်ညီညီ၊ စတိုင်ကျကျနဲ့ အမိုက်စားပုံစံလေး ကထားတာတွေ့ရပါတယ်။ ဒါ့အပြင် Body Wave လေးတွေကအစ စပါးပင်လေး ယိမ်းနွဲ့နေသလို လှပနေပြီး ပရိသတ်တွေစိတ်ဝင်စားလောက်အောင် ဆွဲဆောင်မှုရှိနေပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဖြူဖြူထွေးရဲ့အလန်းစားကကွက်လေးတွေနဲ့ ဗီဒီယိုလေးကိုလည်း အောက်မှာဖော်ပြပေးလိုက်ပါတယ်နော်။

Source: Phyu Phyu Htwe; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။