လက်ရှိ ရေပန်းစား ဆယ်လီမမတွေထက် ပရိသတ်အင်အားပိုမိုရရှိထားတဲ့ ခေတ်နဲ့သစ်ကိုတော့ အားလုံးချစ်မယ်ထင်ပါတယ်။ အနုပညာမျိုးရိုးက ဆင်းသတ်လာသူတွေဖြစ်ပြီး အနုပညာသွေးအပြည့်ပါသူတွေပဲဖြစ်ပါတယ်။ မကြာခနသူတို့လေးတွေရဲ့ ချစ်စရာအပြုအမှုလေးတွေကို ပရိသတ်တွေတွေ့မြင်နေရပြီး အချစ်ပိုစေခဲ့တာတွေ့ရပါတယ်။  

အမြဲအတူတူ ပျော်ရွှင်နေတဲ့ ညီမနှစ်ယောက်ရဲ့ စကားများ ရန်ဖြစ်မှုကိုတော့ ပရိသတ်တွေတွေ့မြင်ဖူးခြင်း မရှိသလောက်ရှိမယ်ထင်ပါတယ်။ လက်ရှိဗီဒီယိုဖိုင်လေးကတော့ ညီမနှစ်ယောက်ရဲ့ ရန်ဖြစ်နေတဲ့ ဗီဒီယိုဖိုင်လေးပဲဖြစ်ပြီး ပရိသတ်တွေကို အံ့အားသင့်စေမယ်ထင်ပါတယ်။  

ညီမဖြစ်သူ သစ်ရဲ့ ဆံပင်ဆွဲအနိုင်ကျင့်မှုလုပ်ရပ်ကို ငြိမ်ခံခဲ့တဲ့ အမဖြစ်သူ ခေတ်ရဲ့ ပုံစံလေးကိုလည်း ပရိသတ်တွေသဘောကျမိမယ်ထင်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ညီအမနှစ်ယောက်ရဲ့ ဖြစ်ထောက်ဖြစ်ခဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Chit Thu Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။