ဒီအဖြစ်ကတော့ဒီနေ့ ဇူလိုင်လ ၂၆ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။တရုတ်နိုင်ငံ မြို့တော်ဘေကျင်းက အမေရိကန်သံရုံးရှေ့မှာပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီအဖြစ်အပျက်ကို မျက်မြင်တွေ့ ရှိသူတွေက တွစ်တာ လူမှုကွန်ရက်မှာတင်ထားခဲ့တယ်လို့လည်းသိရပါတယ်။ဓာတ်ပုံတွေအရ ဘေဂျင်းမြို့တော် အရှေ့မြောက်ပိုင်းမှာရှိတဲ့ သံရုံးအဆောက်အဦမှာ မီးခိုးတွေထွက်နေပြီး အဆောက်အဦကိုလည်း ရဲကားလို့ ယူဆရတဲ့ကားတွေ ဝိုင်းအုံနေတာ တွေ့ရတယ်လို့လည်း သိရပါတယ်။

ပေါက်ကွဲမှုဟာ တရုတ်နဲ့ အမေရိကန်တို့ နှစ်နိုင်ငံ သွင်းကုန်တွေအပေါ် အပြန်အလှန် အခွန်တိုးမြှင့် ကောက်ခံနေပြီး လတ်တလော ကုန်သွယ်ရေးအငြင်းပွားမှု ပြင်းထန်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ရဲက တစုံတရာ မှတ်ချက်ပေး ပြောကြားတာမျိုး မရှိသေးပါဘူး။

သတင်းအရင်းအမြစ်-DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။