လက်ရှိ ကမ္ဘာပေါ်မှာ Instagram Application အသုံးပြုသူ အရေအတွက် မီလီယံ သန်းပေါင်း (800) ကျော်နဲ့အထက် ဝန်းကျင်မှာ ရှိပြီး နာမည်ကြီး ဆယ်လီ၊ နဲ့ ကမ္ဘာကျော် တွေဟာ သူတို့ ရဲ့ Privacy ကို သိုသိပ်ထားနိုင်ဖို့အတွက် နဲ့ ပိုလုံခြုံ ဖို့အတွက် Instagram ကို အသုံးများလာကြပါတယ်။ Instagram အကောင့်မှာ Followers အများဆုံးကတော့ Instagram official Company Account ဖြစ်ပြီး ဒုတိယ followers အများဆုံးကတော့ ကမ္ဘာကျော် ပေါ့ခ် အဆိုတော်မလေး Selena Gomez ရဲ့ Instagram official Account ဖြစ်ပါတယ်။

Instagram မှာ အချိန်ပိုင်းနာရီလေးအတွင်း likes ကို သန်းနဲ့ ချီ ရရှိခဲ့ဖူးကတော့ ကမ္ဘာကောျ် အဆိုတော် Beyonce ရဲ့ အမြွှာ သားလေး နှစ်ယောက်ကို ကိုယ်ဝန်ဆောင်စဉ်က ရိုက်ကူးထားတဲ့ ပုံလေးတွေ ဖြစ်ပြီး ဒီပုံလေးဟာ အချိန် နာရီပိုင်းလေး အတွင်းမှာ 6.4 million likes နှုန်း ရရှိခဲ့ပါတယ်။ စုစုပေါင်း likes အရေအတွက် 116.5 million ရရှိခဲ့သော်လည်း ရရှိနှုန်းနဲ့ သေချာတွက်မယ်ဆိုရင် 13 မိနစ်ပိုင်းလေးနဲ့ 1 million likes နှုန်း ရရှိခဲ့တဲ့ Selena Gomezရဲ့ မွေးနေ့ ပုံရိပ်ဓာတ်ပုံများ ပဲဖြစ်ပါတယ်။

Selena Gomezရဲ့ မွေးနေ့ ပုံရိပ်ဓာတ်ပုံများ ပိုစ့်ဟာ 13 မိနစ်ကို 1 million likes နှုန်း ရရှိခဲ့ပြီး စုစုပေါင်း 8.4 million likes ရရှိခဲ့ပါတယ်။ Instagram official Company ရဲ့ စည်းကမ်းများ အရ post တစ်ခုရဲ့ Like နှုန်းထားဟာ နည်းတာများတာ နဲ့ မဆိုင်ပဲ follower တွေရဲ့ likes ပေးတဲ့ နှုန်းထား count, average engagementနဲ့ frequency စသဖြင့် အရေအတွက်တွေ နဲ့ ရေတွက်တာ မို့ Selena ရဲ့မွေးနေ့ ပုံရိပ် ပုံ post တစ်ခု ဟာ Instagram official Company ကနေ အမေရိကန်ဒေါ်လာ( $800,000 ) က ပြန်ရနိုင်ချေ ရှိပြီး Beyonce ကတော့ သူမရဲ့ ကိယ်ဝန်ဆောင်စဉ်က ဓာတ်ပုံ post တစ်ခုအတွက် အမေရိကန်ဒေါ်လာ( $700,000 ) ပြန်ရရှိနိုင်မှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဇူလှိုင်လ(၂၂) ရက်နေ့ဟာ Selena Gomez ရဲ့ အသက်(၂၆) နှစ်ပြည့် မွေးနေ့ဖြစ်ပြီးသူမ ရဲ့ မွေးနေ့ ပါတီပွဲကိုတော့ နယူးယောက်မြို့ မြစ်ကမ်းတစ်နေရာရဲ့ အပျော်စီး သင်္ဘောပေါ်မှာ Pasta Party ပွဲ ကျင်းပပြီး မွေးနေ့ ကိတ်ခွဲခဲ့တာဖြစ်ပါတယ်။Birthday သီချင်းဆိုလို့ အပြီးမှာတော့ ပူပေါင်းနဲ့ ဖဲကြိုးတွေ နဲ့တကွ သူမကို Suprise လုပ်ခဲ့ပြီး ကိတ်ခွဲပြီးနောက်မှာ တော့ သင်္ဘောပေါ်မှာ သီချင်းဖွင့်ကာ သူငယ်ချင်းတွေ အားလုံးနဲ့ လက်ကိုင်ပုဝါတွေကို ဝှေ့ရမ်းကခဲ့ကြပါတယ်။ Selena ရဲ့ အမှတ်တရ မွေးနေ့ ပုံရိပ်တွေကို သူမရဲ့ Instagram မှာ တင်ခဲ့ပြီး မိနစ်ပိုင်လေး အတွင်း Instagram က Beyonce ရဲ့စံချိန် ကို ချိုးလိုက်တာ ဖြစ်ပါတယ်။

source: http://toofab.com;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။