မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ နည်းစနစ်ဌာန၏ စီစဉ်မှုဖြင့် မြန်မာ့လက်ရွေး စင် ဂိုးနည်းပြများနှင့် မြန်မာ့လက်ရွေးစင် ဂိုးသမားများ၏ စွမ်းဆောင်ရည် မြင့် မားလာ စေရန် ရည်ရွယ်၍ သင်တန်း ပို့ချရန် ရောက်ရှိနေသော ဂျာမနီလူမျိုး ဂိုးနည်းပြ Mr. Holger Andreas Gehrke ၏ သင်တန်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းက စတင်ခဲ့သည်။

ယင်းသင်တန်းသည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ နေ့စဉ်သင်ကြားပေးမည်

ဖြစ်ပြီး လက်ရွေးစင် ဂိုးသမားများနှင့် မြန်မာ့လက်ရွေးစင် အသင်းအသီးသီးရှိ ဂိုး

နည်းပြများ တက်ရောက်ခဲ့ကြသည်။ ထိုသင်တန်းတွင် စာတွေ့ လက်တွေ့ နှစ်မျိုး

စလုံးကို သင်ကြားပေးမည် ဖြစ်ပြီး မြန်မာ နေရှင်နယ် လိဂ်ပြိုင်ပွဲများနှင့် တိုက် ဆိုင် နေချိန်တွင် ဂိုးနည်းပြများအား စာတွေ့သင်တန်းများ ပို့ချသွားမည် ဖြစ် သည်။

သင်တန်းပထမနေ့ နံနက်ပိုင်းလေ့ကျင့်မှု အစီအစဉ်များတွင် လက်ရွေးစင် ဂိုးသမား များဖြစ်သော ရန်အောင်လင်း၊ ပြည့်ဖြိုးအောင်နှင့် လက်ရွေးစင် ဂိုးသမားဟောင်း သီဟစည်သူတို့ ပါ၀င်လေ့ကျင့်ခဲ့ကြသည်။

Mr. Holger Andreas Gehrke သည် လက်ရှိ ဟန်ဂေရီ လက်ရွေးစင် အသင်း၏ ဂိုးနည်းပြများတစ်ဦးဖြစ်ပြီး ကစားသမားဘဝတွင် ဘွန်ဒက်လီဂါ ကလပ်အသင်း များ၌ ကစားခဲ့သူတစ်ဦးလည်း ဖြစ်သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။