သွန်းဆက် လို့အမည်ရတဲ့ အနုပညာရှင်မလေးတစ်ဦးကတော့ အားပေးသူပရိသတ်တွေ များစွာရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးလေးတစ်လက်ပဲဖြစ်ပါတယ်။

သူမဟာ လတ်တလောမှာတော့ နိုင်ငံတကာမှာ ခေတ်စားနေတဲ့ ကားပေါ်ကဆင်းပြီး ကတဲ့ အက Challenge လေးကိုရိုက်ကူးခဲ့ပါတယ် ။

" In My feelings challenge Just for fun " ဆိုတဲ့စာသားနဲ့အတူ ဒီဗီဒီယိုလေးကိုတင် ခဲ့တာပါ ။ ၀၀ကစ်ကစ်လေးနဲ့ချစ်စရာကောင်းနေတဲ့သူမဟာ ဒီလို နိုင်ငံတကာမှာ ခေတ်စား နေတဲ့ အက ကို သူမကိုယ်တိုင် ကပြ ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို သူမရဲ့လူမှုကွန်ယက် စာမျက်နှာ ကနေတစ်ဆင့် ပရိသတ်တွေကိုမျှဝေခဲ့တာပါ ။ သူမရဲ့ချစ်ပရိသတ်တွေကတော့ အရမ်းချစ်ဖို့ကောင်းလွန်းလို့ ဘယ်နှခေါက်မှန်းမသိအောင်တောင် ကြည့်မိတယ်လို့ မှတ် ချက်ပေးထားကြပါတယ် ။

ချစ်စရာကောင်းတဲ့အပြုံးလေးတွေကလည်းတကယ့် ကိုချစ်စရာကောင်းနေတဲ့သူမဟာ အခုက ချစ်စဖွယ်လေးကပြန်တော့လည်း ကြွေချင်စရာကောင်းလွန်းပါတယ် ။ ကားပေါ်ကဆင်းပြီးကတဲ့ သွန်းဆက်ရဲ့ Video လေးကို ပရိသတ်ကြီးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Thun Sett

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။