အမျိုးသမီးတွေကြား ရေပန်းစားသူတစ်ဦးဖြစ်ပြီး လူအများရဲ့ အာရုံစိုက်ခြင်းကိုခံရတဲ့ သူတွေထဲမှာ Beauty Blogger နေခြည်ဦးဟာ ထိပ်ဆုံးကပါဝင်သူတစ်ဦးဖြစ်ပါတယ်။ အလှအပရေးရာနဲ့ပတ်သတ်ပြီး ပရိသတ်တွေကို မျှဝေပေးတဲ့သူမရဲ့ Lifestyle ဟာလည်း ပရိသတ်တွေကြား စောင့်ကြည့်စရာ အကြောင်းအရာတစ်ခုလည်း ဖြစ်ပါတယ်။ နေခြည်ဦးဟာလည်း သူမရဲ့ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြတတ်သူပြီး အချစ်ရေးကအစ ပြောပြတတ်သူလည်း ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ နေခြည်ဦးဟာ သူမရဲ့ နှာခေါင်းနဲ့ မျက်ရစ်ကို အောင်မြင်စွာခွဲစိတ်နိုင်ခဲ့ပြီး ပရိသတ်တွေကလည်း အတော်လေးသဘောကျနေတာကို တွေ့ရပါတယ်။ ဒီ surgery နဲ့ပတ်သတ်လို့ သူမတင်မဲ့ video ကိုစောင့်မျှော်နေကြသူတွေလည်း အတော်များများရှိနေပြီး သူမရဲ့ အခန်းအသစ်လေးကို စိတ်ဝင်စားနေကြသူတွေဟာလည်း တပုံတပင်ပါပဲ ပရိသတ်ကြီးရေ။

ချီချီက သူမရဲ့အခန်းလေးကို စိတ်တိုင်းကျပြန်ပြင်နေတာမို့ LOTTE Apartment မှာ သွားနေခဲ့တာကို အားလုံးအသိဖြစ်မှာပါ။ လက်ရှိမှာတော့ သူမရဲ့ အခန်းလေးကို အချောသတ်ပြင်ဆင်နေတယ်လို့ သိရပြီး ပစ္စည်းတချို့ ထည့်သွင်းပြီး ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ သူမရဲ့ story မှာတော့ အခန်းလေးရဲ့ တစွန်းတစလေးတွေကို တွေ့မြင်နေပြီး သူမထုတ်ပြချိန်မှာလည်း အမျိုးသမီးတွေကြား ဘယ်လောက်ရေပန်းစားဦးမလည်းဆိုတာကို စောင့်ကြည့်ကြစို့နော်.......

Photo Source : Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။