Korea အနုပညာလောကမှာ ကောလဟာလ ဆိုတာ တကယ့်ကို ကြောက်စရာပါ ။ အားပေးမှုတွေကလဲ ပြင်းထန်တဲ့ အတွက် ကောလဟာလတွေ ထွက်လာရင် ပရိတ်သတ်တွေရဲ့

တုန့်ပြန်မှုတွေကလည်း ပြင်းထန်လေ့ရှိပါတယ် ။ ပရိတ်သတ်တွေရဲ့ ဖိအားကြောင့် Idol တွေကလည်း အတတ်နိုင်ဆုံး ကောလဟာလမထွက်အောင်နေကြလေ့ရှိပါတယ် ။

သို့ပေမယ့်လည်း လူတွေပဲမဟုတ်လား ။ လူထဲကလူတွေပဲမို့ သူတို့ဆီမှာလည်း အတွင်းရေးတွေ ရှိကြတာ အသေအချာပါပဲ ။ ဒီတစ်ခါမှာတော့ အဲလို အတွင်းရေးတွေ ပေါက်ကြားခဲ့ဖူးတဲ့ Idol တွေအကြောင်းကို ပြောပြသွားမှာပါ ။

မထင်မှတ်ထားတဲ့ အချိန်တွေမှာ မထင်မှတ်ထားတဲ့ပုံစံနဲ့ အတွင်းရေးတွေပေါက်ကြားကုန်ခဲ့တဲ့ Idol တွေရဲ့ အကြောင်း ရှေ ့တပိုင်းရဲ့ အဆက်ကလေး ဆက်ပြောပြမယ်နော် ။

4. Laboum က Yulhee and FT Island က Minhwan

ဒါကတော့ ပေါက်ကြားတာထက် ထုတ်ပြလိုက်တယ်ဆိုပိုမှန်မလားပဲ ။ Yulhee က Minhwan နဲ့ Minhwan အိမ်မှာချိန်းတွေ့နေတဲ့ပုံကို Facebook ပေါ်တင်ခဲ့တာပါ ။ Minhwan အိမ်ကနေ ့မကြာခင်ပြန်ရမှာတောင် ဝမ်းနည်းမိတယ်ဆိုပဲ ။ အဲဒီတော့လဲ ပရိတ်သတ်တွေက ပွဲဆူကြတော့ပြန်တာပေါ့ ။ ဒါပေမယ့် သူတို့ စုံတွဲကတော့ နောက်ပိုင်းမှာ လက်ထပ်ကြတော့မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ကြပါတယ် ။ 

Laboum က Yulhee and FT Island က Minhwan

5. TWICE က Mina and GOT7 က Bambam

သူတို့နှစ်ယောက်ရဲ့ အိပ်ရာထဲကပုံကို ပရိတ်သတ်တွေက တွေ့ရှိသွားခဲ့တာပါ ။ ဘယ်ကနေဘယ်လို အပြင်ရောက်လာမှန်းမသိတဲ့ ဒီပုံကြောင့် သူတို့နှစ်ယောက် တွဲနေတယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ရှိခဲ့ပါတယ် ။ သို့ပေမယ့် JYP Entertainment ရဲ့ထုတ်ပြန်ချက်နဲ့ သူတိုနှစ်ယောက်ရဲ့ များပြားလှတဲ့ အလုပ်တာဝန်တွေကြား နောက်ပိုင်းမှာ ကောလဟာလလဲ ပျက်ပြယ်သွားခဲ့ပါတယ် ။ 

6. IU and Super Junior က Eunhyuk

IU ကတော့ ပရိတ်သတ်အချစ်တော် အဆိုတော်မင်းသမီးလေးဖြစ်သလို Idol အချင်းချင်းတွေထဲမှာလည်း IU ကိုချစ်ကြတဲ့သူတော်တော်များပါတယ် ။ ဆက်ဆံရေးကောင်းမွန်သလို ချစ်ဖို့ကောင်းတဲ့သူမလေးကလည်း ကောလဟာလဒဏ်တွေနဲ့ မလွတ်ကင်းခဲ့ပါဘူး ။ IU နဲ့ အကျီင်္ချွတ်ထားတဲ့ Eunhyuk တို့ အတူတွဲရိုက်ထားတဲ့ ဓါတ်ပုံလေးက IU နဲ့ Eunhyuk တွဲနေကြပြီလို့ထင်ကြေးအပေးခံခဲ့ရပါတယ် ။ အဲဒီ ဓါတ်ပုံကို IU ကိုယ်တိုင် Social Network မှာတင်ခဲ့တာပါ ။ တင်ပြီးတဲ့နောက်ချက်ချင်းပြန်ဖျက်လိုက်ပေမယ့် ပရိတ်သတ်တွေဆီတော့ ပျံနှံသွားနှင့်ပါပြီ ။ IU ကတော့ ဒီဓါတ်ပုံကို မှားယွင်းတင်ခဲ့မိတာလို့ ဆိုခဲ့ပါတယ် ။ 

Idol တွေလဲ လူတွေပဲမို့ စိတ်လွတ်ကိုယ်လွတ်နေမိတဲ့ အချိန်တွေ ရှိတတ်တာပဲ မဟုတ်လား ပရိတ်သတ်တို့ရေ ... ဒီ Idol တွေကတော့ အတွင်းရေးပေါက်ကြားခဲ့သူတွေပဲဖြစ်ပါတယ် ။ ပရိတ်သတ်တို့ အားပေးတဲ့သူတွေများပါမလား ပြောသွားခဲ့ကြပါဦးနော် ။ 

သတင်းအရင်းမြစ် koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။