မြန်မာနိုင်ငံက မိန်းကလေးတွေရဲ့ အသည်းစွဲ Beauty Blogger လေး နေခြည်ဦးကတော့ ပွင့်ပွင့်လင်းလင်းနဲ့ ပရိတ်သတ်တွေ အပေါ်နွေးနွေးထွေးထွေး ဆက်ဆံတတ်တဲ့ အောင်မြင်ကျော်ကြားသူတစ်ယောက်ဖြစ်တဲ့အပြင် မြန်မာနိုင်ငံက မိန်းကလေးတော်တော်များများ စောင့်ကြည့်ရတဲ့ Beauty Tips တွေ Cosmetic Review တွေတင်မကဘဲ သူမလုပ်ခဲ့တဲ့ Beauty Treatment တွေ Fitter ထိုးခြင်းအတွေ့အကြုံတွေ အပြင် ခုနောက်ဆုံးမကြာသေးခင်ကမှ ကိုရီးယားမှာသွားရောက်လုပ်ဆောင်ခဲ့တဲ့ ပလက်စတစ် ဆာဂျရီတွေရဲ့ အတွေ့အကြုံတွေကိုပါ ပြန်လည်မျှဝေတတ်သူမို့ မိန်းကလေးတွေရဲ့ အသည်းစွဲလေး ဖြစ်နေခဲ့တာပါ ။ 

သူမရဲ့ Lifestyle တွေ Fashion တွေကလဲ ခေတ်လူငယ်တွေအပေါ်လွှမ်းမိုးမှုရှိနေပြန်တာမို့ နေခြည်ဦးရဲ့ စန်းကလဲ တကယ့်ကို အားကျစရာပါပဲ ပရိတ်သတ်ကြီးရေ ...

Social Influencer အဖြစ်အောင်မြင်ဆုံးသူဖြစ်လာခဲ့ပြီး ခုချိန်မှာ အနုပညာအလုပ်တွေလဲ လုပ်ဆောင်လာပြီဖြစ်တဲ့ နေခြည်ဦးရဲ့ Social Media ကတော့ လူစိတ်ဝင်စားမှုအများဆုံးခံရပါတယ် ။ အခုလည်း သူမရဲ့ Fan လေးတွေ အသည်းယားမယ့် Video File လေးတစ်ခုကို တင်လိုက်ပြန်ပါပြီ ။ 

File ထဲမှာတော့ ခု လက်ရှိ Social Media မှာနာမည်ကြီးနေတဲ့ Ki Ki Do You Love Me Dance ကို စိတ်လွတ်ကိုယ်လွတ်ပေါ့ပေါ့ပါးပါး ကပြနေပုံကိုတွေ့ရပါတယ် ။ အခြားသူတွေက ကားပေါ်ကဆင်းပြီး လမ်းမှာကကြပေမယ့် ချီချီကတော့ သူမရဲ့ အခန်းထဲမှာပဲ ပေါ့ပေါ့ပါးပါး ဒွန့်နေခဲ့တာမို့ အမြင်တစ်မျိုးဆန်းနေပါလေရော ... ချစ်ဖို့မကောင်းဘူးလား ပရိတ်သတ်ကြီးရေ ... 

သတင်းအရင်းမြစ် Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။