ပရိသတ်ကြီးရေ "အမုန်းမှသည်" ဇာတ်လမ်းတွဲလေးနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို ပိုင်စိုးနိုင်ခဲ့တဲ့ မင်းသားချောလေး ကျော်ထက်ဇော်က လတ်တလောမှာ နာမည်ကြီးနေသူလေး ဖြစ်ပါတယ်။ သူက သရုပ်ဆောင်ရာမှာ ပိုင်ပိုင်နိုင်နိုင်နဲ့ ထိမိတဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း တစ်ဟုန်ထိုး အောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ အခုလည်း သူက မင်းသမီးအေးမြတ်သူနဲ့ ချစ်ချစ်ခင်ခင် ရိုက်ကူးထားတဲ့ပုံရိပ်တစ်ချို့ကို facebookမှာ တင်ထားတာ တွေ့ရပါတယ်။

ကျော်ထက်ဇော်က ပရိသတ်တွေ များစွာပိုင်ဆိုင်ထားပြီး အပြုံးလေးတွေနဲ့လည်း ရင်ခုန်အောင်လုပ်နိုင်တာကြောင့် ပျိုမေတွေရဲ့အသည်းစွဲလေး ဖြစ်နေပါတယ်။ ဒါ့အပြင် လတ်တလော MRTV-4မှာပြသနေတဲ့ "မိုးကောင်းကင်အိပ်မက်" ဇာတ်လမ်းတွဲမှာလည်း စည်သူဝင်း၊ပိုးကြာဖြူခင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ဝါရင့်သရုပ်ဆောင်ဖြစ်ကြတဲ့ ထက်ထက်မိုးဦး၊ အေးမြတ်သူ တို့နဲ့အတူ သရုပ်ဆောင်ရတာကြောင့်လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေကြတာလည်း ဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာ မမြတ်လေးနဲ့ ကျော်ထက်ဇော်တို့က ချစ်သူအဖြစ် သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ကျော်ထက်ဇော်က "ဒီနေ့ သားတို့ကို မေမေ ဆူသွားတယ် "ဆိုတဲ့ စာသားလေးနဲ့အတူ မမြတ်လေးနဲ့ချစ်သူအဖြစ် သရုပ်ဆောင်ထားတဲ့ ရိုက်ကွင်းပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကျော်ထက်ဇော်နဲ့ အေးမြတ်သူတို့ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Kyaw Htet Zaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။