လိင်တူချစ်သူတွေဆိုတာ ရှေးခေတ်ကတည်းကရှိခဲ့တာပါ ။ သို့ပေမယ့်လည်း ရှေးရိုးအမြင်တွေကြောင့် လူသိမခံဘဲ သိုသိုသိပ်သိပ်နေခဲ့ကြရပါတယ် ။

ခုလို ခေတ်တွေပြောင်းလဲလာပြီး နားမျက်စိတွေ ပွင့်လင်းလာတဲ့ လူ့ဘောင်အဖွဲ့အစည်းတစ်ခုဖြစ်လာချိန်မှာတော့ LGBT ဆိုတာ လူတစ်ယောက်ရဲ့ လူ့အခွင့်အရေးပဲလို့ လက်ခံလာကြတဲ့သူတွေ ရှိသလို ခုထိမဖြစ်သင့်ဘူးလို့ ထင်မြင်နေကြသူတွေလဲရှိဆဲပါ ။ ဒါတွေဟာ လက်ရှိချိန်ထိ အငြင်းပွားဖွယ်ကိစ္စတွေဖြစ်နေတုန်းပဲ ဆိုပေမယ့်လဲ LGBT ကိုထောက်ခံအားပေးတဲ့သူတွေများလာတဲ့အတွက် အများပြည်သူကိုပြသမယ့် အနုပညာဖန်တီးချက်တွေမှာလည်း LGBT အချစ်ဇာတ်လမ်းလေးတွေပါဝင်လာခဲ့ပါတယ် ။ Boy Love Story တွေ ခေတ်စားလာသလို အခြား LGBT ထောက်ခံတဲ့ Video လေးတွေလဲ အများအပြားပေါ်ထွက်လာခဲ့ပါတယ် ။ Entertainment မှာ ဆရာကြီးဖြစ်တဲ့ ကိုရီးယားကလဲ ဘယ်နေလိမ့်မလဲ ။ LGBT အချစ်ရေးကို Romantic ဆန်ဆန် ရိုက်ကူးထားတဲ့ Drama တွေထွက်လာတော့တာပါပဲ ။ ဒီတစ်ခေါက်မှာတော့ Admin က ကိုရီးယား LGBT Love Drama တွေထဲက နာမည်ကျော်ကြားတဲ့ ဇာတ်ကားလေးတွေကို ရွေးချယ်ဖော်ပြပေးသွားမှာဖြစ်ပါတယ် ။  

Coffee Prince

Omo ! ဒီနာမည်လေးကို ကြားလိုက်တာနဲ့ ဒီဇာတ်ကားကိုကြည့်ပြီးသားသူတွေ ကော်ဖီဆိုင်လေးတစ်ခုကိုသွားမြင်ယောင်မယ်ဆိုတာ Admin ရဲရဲကြီးပြောနိုင်ပါတယ် ။ ပြောဆို ဒီကားက Admin လဲ အရမ်းကြိုက်ခဲ့တဲ့ကားကိုး ။ ယောကျာင်္းလေးဟန်ဆောင်ပြီး ကော်ဖီဆိုင်မှာအလုပ်လာလုပ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ ကော်ဖီဆိုင်ရှင်သူဠေးလေးရဲ့ ကြည်နူးစရာ Romantic အချစ်ဇာတ်လမ်းလေးကို ရိုက်ကူးပုံဖော်ထားတဲ့ဒီကားလေးက ကမ္ဘာတစ်ဝှမ်းက ကိုရီးယားဇာတ်လမ်းတွဲကြိုက်နှစ်သက်သူ ပရိတ်သတ်တွေကြားထဲ ရေပန်းစားခဲ့တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ခဲ့တာပါ ။ လိင်တူချင်းစိတ်ဝင်စားမိတယ်လို့ ထင်ရာကနောက်ပိုင်းမှ မိန်းကလေးမှန်းသိသွားတဲ့ ဇာတ်လမ်းလေးထဲက အချို ့ပြကွက်တွေဟာ သူတို့ နိုင်ငံတွေမှာလည်း LGBT နဲ့ ပါတ်သတ်ပြီးလက်ခံသူ လက်မခံသူတွေနဲ့ အငြင်းပွားစရာတွေ ရှိနေသေးတယ်ဆိုတာ ဖော်ညွှန်းနေပါတယ် ။ နောက်ဆုံးတော့လဲ အချစ်က အနိုင်ရသွားတာပါပဲ ။ 

Coffee Prince

Answer Me 1994

ဒီဇာတ်ကားလေးထဲမှာတော့ ယောကျာင်္းလေးနှစ်ယောက်ရဲ့ သာမန်ထက်ပိုတဲ့ အချစ်တွေကို ထည့်သွင်းရိုက်ကူးထားပါတယ် ။ Jung Woo နဲ့ B1A4 အဖွဲ့ဝင်လေး Baro က အဲဒီ ကာရိုက်တာတွေကို သရုပ်ဆောင်ထားပေးတာပါ ။ သူတို့နှစ်ယောက်ရဲ့ ဝေခွဲမရတဲ့ Feeling တွေ ။ မတော်တဆ အနမ်းရဲ့နောက်မှာ ရှုပ်ထွေးမှုတွေ ရှိလာတာတွေနဲ့ လူငယ်တွေကြားဖြစ်တတ်တဲ့ အချစ်ရေးအချစ်ရာတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲလေးကလည်း လူကြိုက်များတဲ့ ဇာတ်လမ်းတွဲလေးဖြစ်လာခဲ့ပါတယ် ။  

Answer Me 1994

Cheese in the Trap

ဒီဇာတ်ကားလေးထဲမှာလည်း LGBT အချစ်ရေးကိုထည့်သွင်းရိုက်ကူးထားတာတွေ့ရပါတယ်။ Main ကာရိုက်တာတော့မဟုတ်ပေမယ့် Gay တစ်ယောက်ရဲ့ အချစ်ရေးကိုပါထည့်သွင်းရိုက်ကူးထားခဲ့တာပါ ။ ဒီ Supporting အချစ်ဇာတ်လမ်းလေးကလဲ မူရင်း ဇာတ်လမ်းတွဲကို ရသပိုမြောက်စေခဲ့ပါတယ် ။ 

Cheese in the Trap

Personal Taste

နာမည်ကျော် မင်းသား လီမင်ဟိုတစ်ယောက် Gay အဖြစ်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားပါ ။ သူ နွဲ့ရင် ဘယ်လိုတွေတောင် ချစ်ဖို့ကောင်းနေမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတယ်မလား ။ ဇာတ်လမ်းလေးကတော့ မင်းသမီးရဲ့ အိမ်မှာ နေခွင့်ရဖို့ Jun Jin Ho (Lee Min Ho) တစ်ယောက် Gay ပုံဖမ်းပြီး ကြိုးပမ်းတဲ့ဇာတ်ကားလေးပါ ။  

ဒီဇာတ်ကားလေးတွေကတော့ ဇာတ်လမ်းလဲကောင်းပြီးရေပန်းစားခဲ့တဲ့ Korea ရဲ့ LGBT အချစ်ရေးတွေကို ထည့်သွင်းပုံဖော်ထားတဲ့ ဇာတ်ကားလေးတွေပါ ။ မြန်မာနိုင်ငံမှာလည်း " ရာဇဝင်ရိုင်းခဲ့သည် " လိုမျိုး LGBT အချစ်ရေးကို ထည့်သွင်းပုံဖော်တဲ့ ဒီလိုဇာတ်လမ်းလေးတွေ စတင်ပေါ်ထွက်လာနေပါပြီပဲဖြစ်ပါတယ် ။ ပရိတ်သတ်ကြီးရော ဒီဇာတ်ကားလေးတွေကို ကြိုက်ကြလား ပြောကြည့်သွားပါဦးနော် ။  

သတင်းအရင်းမြစ် dramalist

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။