လတ်တလောမှာ ထွေလာနဲ့တင် ပရိသတ်စိတ်ဝင်စားမှုများပြားခဲ့တဲ့ CO2(ကာဗွန်ဒိုင် အောက်ဆိုဒ်) ရုပ်ရှင်ကားကြီးကို ဇူလိုင် ၂၇ ရက်နေ့မှာ စတင်ရုံတင်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ကြောက်မက်ထိတ်လန့်ဖွယ်ကောင်းသလို စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ CO2ရဲ့ ရုံတင်လက်မှတ်ရေးထိုးပွဲကို သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပြီး ဖွေးဖွေးက ဖက်ရှင်ကျပြီး ချစ်စရာကောင်းနေတဲ့ ပန်းနုရောင်ဝတ်စုံလေးနဲ့ တက်ရောက်ခဲ့ပါတယ်။

ဒီဇာတ်ကားကြီးကို ဒါရိုက်တာ" ဝိုင်း "ကရိုက်ကူးပြီး အလင်းရောင်၊ ကျော်ထက်အောင်၊ ဖွေးဖွေးနဲ့ ရတနာဗိုတို့က အဓိကပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ သရဲဝိညာဉ်၊အောက်လမ်းပညာတို့နဲ့ ထူးထူးခြားခြား စိတ်ဝင်စားဖွယ် ရိုက်ကူးထားတာကြောင့် ပရိသတ်တွေရဲ့ ရုံအပြည့်အလျှံ အားပေးမှုကို ရရှိခဲ့ပါတယ်။ ပရိသတ်တွေ့ဆုံပွဲအတွက် ဖွေးဖွေးနဲ့အတူ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်တွေက တက်ရောက်ခဲ့ကြပါတယ်။

အမြဲဖက်ရှင် ဆန်းဆန်းလေးတွေနဲ့ အထာကျနေတဲ့ ဖွေးတစ်ယောက် ပန်းရောင်ဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတာ တွေ့ရပါတယ်။ သူမရဲ့ဝတ်စုံကိုတော့ Zara ကစီစဉ်ပေးထားပြီး မိတ်ကပ်နဲ့ဆံပင်ကတော့ Rita နဲ့ Ou Wel တို့က ပြင်ဆင်ပေးထားတာပဲ ဖြစ်ပါတယ်။ ကဲ ဖွေးကို အားပေးတဲ့ ချစ်ပရိသတ်တွေလည်း ဖွေးဖွေးရဲ့ ချစ်စရာကောင်းပြီးလှနေတဲ့ ပုံရိပ်လေးတွေကို အားပေးလိုက်ကြပါဦးနော်။

Sourcr: Phway Phway & Nay Min Tun ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။