မော်ဒယ်သရုပ်ဆောင်မလေးရွှေပိုးအိမ်ကတော့ ခုနောက်ပိုင်းမှာ ကုသိုလ်ရေး ပရဟိတ လုပ်ငန်း တွေကို သိသိသာသာအားစိုက် လုပ်ကိုင်လာတာကို ပရိသတ်တွေသတိထားမိ ကြမယ်ထင်ပါတယ်။ ဘာသာတရားလည်းကိုင်းရှိုင်းတဲ့သူမကတော့ ဝတ်ဖြူစင်ကြယ်နဲ့ အဓိဋ္ဌာန်ဝင်တရားဘာဝနာပွားများကုသိုလ် ယူနေပုံလေးကိုလည်း မကြာခဏမြင်တွေ့ရပါတယ်။

သူမဟာ ဝါဆိုလပြည့်နေ့မှာ ရိုးရိုးယဉ်ယဉ်လေးဝတ်ပြီး ကုသိုလ်ယူခဲ့ပါသေးတယ် ။ အဖြူရောင် ရင်ဖုံးလေးနဲ့ ယောကီ ထဘီလေး ဝတ်ပြီး ရိုးရိုးလေး လှနေတဲ့သူမရဲ့အလှတွေ ကို သနပ်လိမ်းထားတဲ့အတွက် အလှပေါ်အယဉ်ဆင့်နေသလို ဖြစ်နေပြီး ပရိသတ်တွေရဲ့ ရင်ကိုအေးချမ်းစေပါတယ် ။ ရိုးရိုးလေးနဲ့လှနေတဲ့သူမဟာ ဘုရားသွားပြီး ကုသိုလ် ကောင်း မှု တွေလုပ်ခဲ့တာ ဘဲဖြစ်ပါတယ် ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာသာတရားကိုင်းရှိုင်းပြီး ကုသိုလ်ရေးကို လက်မနှေးတတ်တဲ့သူမကတော့ တကယ်ကိုလေးစားစရာပါဘဲ ။

စိတ်ထားကောင်းတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်က အချစ်ပိုကြပါတယ်။ ချစ်ပရိသတ်ကြီးအတွက် ရွှေပိုးအိမ်ရဲ့ ရင်ကိုအေးချမ်းစေမယ့် ဓာတ်ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း ရွှေပိုးအိမ်ကို အားပေးလိုက်ကြပါဦးနော် ။

Source : Shwe Poe Eain

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။