နာမည်ကျော်သရုပ်ဆောင် မင်းသမီးချောတစ်ဦးဖြစ်တဲ့ စမိုင်းလ်တစ်ယောက်ကတော့ သူမခင်ပွန်းရဲ့ မွေးနေ့လက်ဆောင် ဖြစ်တဲ့ ဥရောပနိုင်ငံ ၆နိုင်ငံကို အလည်လိုက်ပို့တဲ့ ခရီးစဉ်မှာ ပျော်ရွှင်နေပါတယ်

ပြီးခဲ့တဲ့ ဇွန်လ(၂၆)ရက်နေ့ကတည်းက မိသားစုနဲ့အတူ ဥရောပဘက်ကိုခရီးထွက်နေ တာဖြစ်ပြီး လတ်တလောမှာတော့ အင်္ဂလန်နိုင်ငံရဲ့Belgium ကို ရောက်ရှိနေပါတယ် ။

သူမဟာ ကမ္ဘာကျော် EDM ပွဲ တစ်ခုဖြစ်တဲ့ Tmorrow Land မှာ မြန်မာဝတ်စုံနဲ့ ဆင်နွှဲခဲ့ပါတယ် ။ သူမဟာ ဇူလိုင်လ 26 ရက်နေ့ကတည်းက " ခေးမေစပ်စလူး ဘယ်ဂျီယံခနသွားလိုက်အုန်းမယ်နော် Tomorrowland လေးမှာခနကဲချင်လို့ပါ "

ဆိုတဲ့စာသားကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြခဲ့ပေမယ့် အခုတော့ အမှန်တကယ် Belgium Tomorrow Land EDM ပွဲကိုရောက်ရှိနေတာပါ ။ အလန်းစားဖက်ရှင်တွေနဲ့ လူတိုင်း လာကြတဲ့ အမိုက်စား EDM ပွဲကို မြန်မာဝတ်စုံနဲ့ Rave ခဲ့တဲ့ စမိုင်းလ်ကတော့ တကယ်ကို မြန်မာမှုကိုချစ်မြတ်နိုးတဲ့သူလို့ဆိုရမှာပါဘဲ ။ သူမရဲ့ လက်မှာလည်း အရမ်းလှတဲ့ အနီရောင် ယပ်တောင်တစ်ချောင်းကို ကိုင်ထားပါသေးတယ် ။

အခုလို နွေးထွေးပျော်ရွှင်ဖွယ် ကောင်းတဲ့ခရီးစဉ်တွေကို ဇနီးမောင်နှံနှစ်ယောက် ခရီးတွေထွက်ပြီး ပျော်ရွှင်နေတာကို ကြည်ရင်း ပရိသတ်တွေလည်း ကြည်နူးပျော်ရွှင်နေ မယ်ထင်ပါတယ် ။ချစ်ပရိသတ်ကြီး အတွက် သူမတို့မိသားစုရဲ့ပျော်ရွှင်မှုတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ် ။

Source : စမိုင်းလ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။