ဇာတ်ရှိန်မြင့်တက်လာခဲ့တဲ့ Myanmar Idol မှာ မယုံနိုင်လောက်အောင် အလှည့်အပြောင်းတွေဖြစ်လို့သွားခဲ့ပါပြီ ။ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲရဲ့ ဒီက ၇ ကြိမ်မြောက် Result Show မှာတော့ ပြိုင်ပွဲဝင် ငွေဇင်လှိုင်းနဲ့ နေခန့်မင်းသစ်တို့ ထွက်ခွာ နှုတ်ဆက်လိုက်ရပါတယ်။ပွဲစဉ်အတွင်း ငွေဇင်လှိုင်းက ဘော်တွန်သရီး သုံးကြိမ်ထိုင်ခဲ့ပြီး နေခန့်မင်းသစ်ကတော့ ၄ ကြိမ်တိတိ ထိုင်ခဲ့ရကာ ဒိုင်တွေရဲ့ ဆေ့ဖ်နဲ့ ပြန်လည် တက်ရောက်လာနိုင်သူလည်း ဖြစ်ပါတယ်။

ပြိုင်ပွဲကနေ ထွက်ခွါခဲ့ရပေမယ့် ငွေဇင်လှိုင်းက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ "Top 4 ထိ တက်လှမ်းခွင့်ပေးတဲ့ ချစ်ရတဲ့ အနယ်နယ်အရပ်ရပ်မှ ပရိတ်သတ်ကြီး တမူးမြို့မှ မြို့သူ မြို့သားများကို ပထမဦးဆုံးကျေးဇူးတင်ပါရစေရှင့်။ ပြိုင်ပွဲဝင်ပီးနောက်ပိုင်း သူငယ်ချင်းတွေ ပရိတ်သတ်တွေ အများကြီးထပ်ရလာလို့ အရမ်းပျော်ရပါတယ် ကိုယ်မတတ်ကျွမ်းတဲ့ ဂီတပညာတွေလဲ လေ့လာခွင့်ရခဲ့တယ် အတွေ့အကြုံတွေလဲ တပုံကြီးပဲ ငွေဇင့်ကိုချစ်ပေးဗုတိပေးကြတဲ့အတွက် သီချင်းကောင်းလေးတွေ ဖန်တီးပီး အရောက်လာခဲ့ပါ့မယ် ခုတော့ ငွေဇင်တို့ Top 3 တွက် ဆက်လက်အားပေးကြစို့ I love you all !!! လို့ရေးသားထားတာလည်း ဖြစ်ပါတယ် ။

ငွေဇင်လှိုင်းဟာ နောက်ခံ တမူးမြို့ပရိတ်သတ်က ခြိမ့်ခြိမ့်သည်း အားပေးခံထားရသူဖြစ်ကာ ခုလို ထွက်သွားရတဲ့အတွက်တော့ အများကြီးက ဝမ်းနည်းနေကြမှာလည်း ဖြစ်ပါတယ်။ နေခန့်မင်းသစ်ကလည်း ပရိတ်သတ် ချစ်ခင်မှုတွေ ရရှိနေသူဖြစ်ပါတယ်။ ငွေဇင်းလှိုင်းတစ်ယောက် Juzz သီချင်းတွေနဲ့ အသားကျနေခဲ့ပေမယ့် အခုလိုထွက်ရတဲ့အပေါ်မှာ Voting စနစ်ကို မေးခွန်းထုတ်နေကြသူတွေလည်းရှိပါတယ်။ ပရိသတ်ကြီးရော ငွေဇင်လှိုင်းထွက်ရတာ ဖြစ်သင့်လား ဆိုတာ မှတ်ချက်မှာပြောပြပေးသွားကြပါနော်။

Source - Myanmar Idol / MNTV/ Ngwe Zin Hlaing 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။