ဇာတ်ရှိန်မြင့်တက်လာခဲ့တဲ့ Myanmar Idol မှာ မယုံနိုင်လောက်အောင် အလှည့်အပြောင်းတွေဖြစ်လို့သွားခဲ့ပါပြီ ။ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲရဲ့ ဒီက ၇ ကြိမ်မြောက် Result Show မှာတော့ ပြိုင်ပွဲဝင် ငွေဇင်လှိုင်းနဲ့ နေခန့်မင်းသစ်တို့ ထွက်ခွာ နှုတ်ဆက်လိုက်ရပါတယ်။ပွဲစဉ်အတွင်း ငွေဇင်လှိုင်းက ဘော်တွန်သရီး သုံးကြိမ်ထိုင်ခဲ့ပြီး နေခန့်မင်းသစ်ကတော့ ၄ ကြိမ်တိတိ ထိုင်ခဲ့ရကာ ဒိုင်တွေရဲ့ ဆေ့ဖ်နဲ့ ပြန်လည် တက်ရောက်လာနိုင်သူလည်း ဖြစ်ပါတယ်။

နေခန့်မင်းသစ်ကတော့ Facebook စာမျက်နှာ အခုလိုရေးသားထားပါတယ်" အရမ်းတာဝန်ကြီးပြီးခက်ခဲတဲ့သီချင်းအမျိုးအစားကိုအကောင်းဆုံံးနဲ့အမှားအယွင်းနည်းနည်းနဲ့ဆိုနိုင်ခဲ့တဲ့အတွက်ကျနော့်ကိုယ်ကျနော်တော့အရမ်းကျေနပ်တယ်ဗျကျနော့်ကိုအားပေးတဲ့ကျေးဇူးရှင်ပရိသတ်တွေလည်းသဘောကျကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျအကောင်းဆုံးကိုလည်းမျှော်လင့်ထားသလိုအဆိုးဆုံးကိုလည်းရင်ဆိုင်ဖို့အတွက်အသင့်ပြင်ထားပြီးသားပါဗျအားလုံးပဲ ကောင်းသောညလေးပါအိပ်မက်အကောင်းစားလေးတွေမက်ကြပါစေလို့ ဆုတောင်းပေးထားတာလေးကိုတွေ့ရပါတယ်။.

ပရိသတ်တွေက တော့ ဒီနေ့မှာ ကျရောက်ခဲ့ပြီဖြစ်တဲ့ သူ့ရဲ့ မွေးနေ့အတွက် ဆုတောင်းစကားလေးတွေကို ပြောပြနေကြပါတယ် ။ သားပလုံးကတော့ ယနေ့ကျရောက်လာတဲ့ မွေးနေ့မှာ သူ့မေမေ ရဲ့ ရင်ခွင်ထဲမှာရှိနေမှာလား ၊ သီချင်းသံစဉ်တွေနဲ့ ဖြတ်သန်းနေမလားဆိုတာတော့ အတိအကျမသိရသေးပါဘူး ၊ ယနေ့မှာ ကျရောက်လာတဲ့ မွေးနေ့ရက်မြတ်မှသည် အနုပညာခရီးလမ်းတစ်လျှောက် သာယာဖြောင့်ဖြူးနိုင်ပါစေလို့ Myanmar Load ဝိုင်းတော်သားများမှ ဆုတောင်းပေးပါတယ်နော်။ ပရိသတ်ကြီးရေ နေခန့်မင်းသစ်အတွက် မှတ်ချက်မှာ စကားလက်ဆောင်လေးတွေပါးခဲ့ပါဦးနော်။

Source - Myanmar Idol / MNTV/ Nay Khant Min Thit 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။