Justin Bieber နှင့် Selena ကို ပြန်တွဲစေချင်တဲ့ သူတွေအားလုံးအတွက်တော့ ဝမ်းနည်းစရာသတင်းတစ်ခု ဖြစ်မှာပါ။ မကြာခင်ကပဲ တွဲနေပြီဆိုတဲ့ သတင်းကို အတည်ပြုလိုက်တဲ့ Selena နှင့် အဆိုတော် Weeknd ဟာ ဒီတစ်ခေါက်မှာတော့ သူတို့ နှစ်ယောက် ဟာ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းတွေ Hollywood အသိုင်းအဝန်းမှာထွက်နေပါတော့တယ်။

Selena ဟာ သူမရဲ့ သူငယ်ချင်းတွေကို 'He is the one' ဆိုပြီးပြောတဲ့ အပြင် ယခုတလောမှာတော့ icecream တွေ ချင်ခြင်းတက်နေတယ်ဆိုပြီး အတွင်းအသိုင်းအဝန်းကထွက်ပေါ်လာပါတယ်။ အသက် ၂၄ နှစ်သာရှိသေးတဲ့ Selena ဟာ ငယ်ငယ်ရွယ်ရွယ်နှင့် ကိုယ်ဝန်ဆောင်တဲ့ ကိစ္စကိုလည်း ယုံကြည်မှုရှိပုံရပါတယ်။ သူမမိခင်ဟာ သူမကို အသက် ၁၆ နှစ်အရွယ်မှာ ကိုယ်ဝန်ဆောင်ခဲ့ပေမယ့် သူမကို ကောင်းကောင်းထိန်းကျောင်းနိုင်ခဲ့တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

Selena ဘက်ကတော့ အတည်မပြုသေးပေမယ့် ဟောလိဝုတ် အသိုင်းအဝန်းမှာတော့ သူမဟာ ကိုယ်ဝန်နှင့် မင်္ဂလာလျှောက်လှမ်းကို လျှောက်တော့မယ်လို့သိရပါတယ်။ ယောက်ျားတစ်စုကတော့ The Weeknd ကို နွားကြီးလို့ပြောနေကြလေရဲ့။

Source : hollywoodlife

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။