အနုပညာချစ်ပရိသတ်တွေအနေနဲ့ သရုပ်ဆောင်သွန်းဆက်ကိုတော့ သိရှိပြီးသားဖြစ်မယ်ထင်ပါတယ်။ဗီဒီယိုဇာတ်ကားများစွာ ရိုက်ကူးထားတဲ့ သူတစ်ဦးဖြစ်ပြီး သူမရဲ့ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့်ပရိသတ်အားပေးမှုတွေကို များစွာ ရရှိလာသူတစ်ယောက်လည်းဖြစ်ပါတယ်။

သူမကတော့ မကြာခဏဆိုသလို ကုသိုလ်ကောင်းမှုတွေပြုလုပ်တက်တဲ့ သူမရဲ့ အကျင့်ကောင်းလေးကလည်းအားကျအတုယူစရာပါပဲ။ဒီတစ်ခါမှာတော့ သူမက သစ်တံခါးဆရာတော်ကြီး ထံမှ မေတ္တာဓာတ်ခံယူခဲ့ပြီးဥ ပုတ်စောင့် ပြီး အဓိဌာန်သုံးရက်ဝင်ခဲ့တယ်လို့လည်းသိရပါတယ်။

သူမရဲ့လူမှုကွန်ယက်ပေါ်မှာတော့"သစ်တံခါးဆရာတော်ကြီး ရဲ့ မေတ္တာဓာတ်ခံယူပီး ဥ ပုတ် စောင့်ပီး အဓိဌာန် ( ၃ ) ရက် ဝင်ခဲ့ပါတယ်... (၇) ရက်သားသမီးများကိုလဲ မေတ္တာပို့ ပေးခဲ့ပါတယ်ရှင့်"ဆိုတဲ့ စာသားလေးနဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။သူမတောင်းဆုခြွေထားသလိုပဲ ပရိသတ်ကြီးလည်း သူမပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေအပေါ် သာဓုခေါ်နိုင်ကြဖို့တိုက်တွန်းခဲ့ပရစေ...

သတင်းအရင်းအမြစ်-သွန်းဆက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။