ပရိသတ်ကြီးရေ မင်းသမီးလေး အိချောပိုကတော့ တစ်နေ့တစ်ခြား သူမတူတဲ့အလှတွေနဲ့ ပိုတိုးလှလာတာ တွေ့ရပါတယ်။ သူမရဲ့အလှတရားတွေနဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် စင်တင်မင်းသမီးလေး အဖြစ်ကနေ ယနေ့နိုင်ငံကျော်မင်းသမီးအဖြစ် အောင်မြင်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အခုလည်း စူစူလို့ချစ်စနိုးခေါ်ကြတဲ့ အိချောပိုက ဖက်ရှင်ရှိုးပွဲတစ်ခုကို အလှပဆုံး တက်ရောက်ခဲ့တဲ့ သူမရဲ့ပွဲတက်ပုံရိပ်တွေကို ပရိသတ်တွေအတွက် ဝေမျှထားပါတယ်။ 

အိချောပိုက ဇူလိုင်လ ၂၉ရက်နေ့က Sule Shangri-La Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မပုံရဲ့ Prestige Wedding Showcase 2019 ရှိုးပွဲကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲလေးကို စူစူက ဒီဇိုင်နာမပုံ့ကိုယ်တိုင် ချုပ်လုပ်ပေးထားတဲ့ ဝတ်စုံလေးကို ဝတ်ဆင်ကာ တက်ရောက်ခဲ့ပါတယ်။ ပွဲတက်မိတ်ကပ်ကိုတော့ မိတ်ကပ် ငယ်လေး (ရွှေဘို) ရဲ့ ပြင်ဆင်ခြယ်သမှုနဲ့အတူ စူစူတစ်ယောက် ယုံကြည်မှုရှိရှိနဲ့ အားလုံးငေးလောက်အောင် ကျက်သရေရှိလှပနေခဲ့ပါတယ်။

လတ်တလောမှာ စူစူက မြင့်မြတ်၊သင်ဇာဝင့်ကျော်၊မေမြင့်မိုရ်တို့နဲ့အတူ "အချစ်ဆုံး Crush" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးနေတာ တွေ့ရပါတယ်။ ဒါ့အပြင် လွှမ်းပိုင်နဲ့အတူ သူမပါဝင်သရုပ်ဆောင်ထားတဲ့ "ကြွေ " ရုပ်ရှင်ဇာတ်ကားကြီးကလည်း ရုံတင်ပြသနေတာ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးလည်း အရင်ကထက် ပိုလှလာတဲ့စူစူရဲ့ ရင်ဖိုလှိုက်မောဖွယ်ရာ အလှတရားတွေကို ခံစားကြည့်ဖို့ အိခောျပိုရဲ့ဖက်ရှင်အလှပုံရိပ်လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

Source: Ei Chaw Po ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။