ပရိတ်သတ်ကြီးရေ တစ်ခေတ်တစ်ချိန်က အဆိုတော်လောကမှာ နာမည်ကြီး လူကြိုက်များခဲ့တဲ့ အဆိုတော်ချောလေး ခင်ဘုဏ်းကိုတော့ ပရိတ်သတ်ကြီး သိကြမယ်ထင်ပါတယ်။သူမဟာသီချင်းအေးအေးလေးများကို သူမရဲ့အသံအေးအေးလေးနဲ့ အမြဲသီဆိုတက်သူလေးလည်းဖြစ်ပါတယ်။ဖက်ရှင်ဒီဇိုင်းအလန်းစားတွေနဲ့ သီဆိုဖျော်ဖြေတက်သူလည်းဖြစ်ပါတယ်။သူမရဲ့ပရိတ်သတ်များကတော့ယနေ့တိုင်အားပေးချစ်ခင်နေကြတုန်းပဲဖြစ်ပါတယ်။

သူမဟာ မကြာသေးမီကမှ " ဇူလိုင်မိုး "သီချင်းအေးလေး ထွက်ရှိခဲ့တာလည်းဖြစ်ပြီး ပရိတ်များကလည်း ကြိုက်နှစ်သက် အားပေးကြတယ်လို့လည်းသိရပါတယ်။သီဆိုဖျော်ဖြေမှုတွေ နည်းပါးပေမဲ့လည်း သူမရဲ့နေ့စဉ်လူပ်ရှားမှု အမှတ်တရလေးများကို သူမကိုချစ်ခင်နှစ်သက်သူများ ကြည့်ရူ့နိုင်စေရန် ဖေ့ဘွတ်ပေါ်တွင်ဖော်ပြလေ့ရှိပါတယ်။လတ်တလောမှာတော့ သူမဟာ မြန်မာဝတ်စုံလေးနဲ့အရမ်းကိုလိုက်ဖက်ကာ တည်ငြိမ်လှပနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။

အမြဲဖက်ရှင်အလန်းတွေနဲ့ စမတ်ကျနေတဲ့ ခင်ဘုဏ်းက မြန်မာဝတ်စုံလေးနဲ့လည်း လိုက်ဖက်ကာ ကျက်သရေရှိပြီး ချစ်စရာကောင်းနေတာကလည်း သူမပရိတ်သတ်တွေကို အချစ်ပိုစေမှာအမှန်ပဲဖြစ်ပါတယ်။ပရိတ်သတ်ကြီးလည်း သူမရဲ့ မြန်မာဝတ်စုံလေးနဲ့ တည်ငြိမ်နေတဲ့ ပုံရိပ်လေးတွေကို ကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်။ရှေ့ဆက်ပြီးလည်း ခင်ဘုဏ်းရဲ့ အနုပညာလုပ်ငန်းများကို ဆက်လက်အားပေးလိုက်ပါအုံးနော်။

Source:Khin Bone Pyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။